Google ရဲ့ AI စနစ်ပါဝင်မယ့် Messaging App အသစ် Allo စတင်ရရှိပြီ

Google ဟာ လွန်ခဲ့တဲ့ လေးလလောက်က စတင်မိတ်ဆက်ခဲ့တဲ့ Chatting App တစ်ခုဖြစ်တဲ့ Allo ကို ထုတ်လုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီ App ကိုပြီးခဲ့တဲ့ မေလတုန်းက ပြုလုပ်ခဲ့တဲ့ Google I/O ပွဲမှာ ထုတ်ဖော်ခဲ့တာဖြစ်ပြီး ဒီ App ကို Android မှာရော iOS စနစ်တွေမှာပါ ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

တခြား Messaging App တွေလိုပဲ သင့်ကို စာရိုက်တာ၊ ဓာတ်ပုံပို့တာ၊ emoji နဲ့ စတေကာတွေ ပိုတာတွေအားလုံးပါဝင်မယ့်အပြင် “Incognito” လို့ခေါ်တဲ့ သင့်ကို Snapchat ပုံစံ ကိုယ်ပိုင်ဓာတ်ပုံတွေလိုအရာတွေ ပို့ပေးနိုင်မယ့် လုပ်ဆောင်ချက်လည်း ထပ်မံပါဝင်ပါတယ်။

 

ဒါပေမယ့် တကယ်တမ်းကျတော့ Google Allo ရဲ့ အဓိကထားပြီး လုပ်နိုင်မယ့် လုပ်ဆောင်ချက်တွေ ရှိပါသေးတယ်။ ပထဆုံးလုပ်ဆောင်ချက်ကတော့ Smart Reply ဆိုတဲ့လုပ်ဆောင်ချက်ဖြစ်ပြီး ဒါဟာဆိုရင် သင့်ကို စာရိုက်ပြီး Message ပို့ရမှာ စာလုံးတစ်လုံးချင်းစီ ရိုက်စရာမလိုအောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

App အနေနဲ့ Artificial Intelligence လို့ခေါ်တဲ့ “သိဉာဏ်တု” စနစ်တစ်ခုကို အသုံးပြုထားတာဖြစ်လို့ သင့်ရဲ့ သူငယ်ချင်းတွေဆီက Message တွေကို ပြန်လည်တုံ့ပြန်ရာမှာ သင့်ကို Suggest လုပ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့်တကယ်လို့ Message က “မင်းလမ်းမှာလား?” လို့မေးရင် Allo က အလိုအလျောက် “ဟုတ်တယ်” ဆိုတဲ့စကားလုံးလိုမျိုးကို တုံ့ပြန်နိုင်ဖို့အတွက် အလိုအလျောက်အကြံပြုပေးမှာပါ။

Smart Reply ဟာ Allo ကနေတစ်ဆင့် ဓာတ်ပုံတွေပို့ဖို့အတွက်လည်း အကြံပြုမှာဖြစ်လို့ တကယ်လို့ သင့်သူငယ်ချင်းတစ်ယောက်က သူ့အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ ပုံလေးတွေ ပို့ပေးတယ်ဆိုရင် သင့်အနေနဲ့ Smart Reply ကနေတစ်ဆင့် “ခွေးကောင်းလေးပဲ J” ဒါမှမဟုတ် “အလိုချစ်စရာလေးပါလား” ဆိုတဲ့စကားလုံးတွေကို Reply လုပ်ဖို့အတွက် အကြံပြုပေးမှာပါ။

google-allo5

ပြီးတော့ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ လုပ်ဆောင်ချက်ကတော့ Allo ရဲ့ Google Assistant ပဲဖြစ်ပါတယ်။ Facebook ရဲ့ Messenger မှာပါဝင်တဲ့ Bot နဲ့တော့ အနည်းငယ်ဆင်တူပြီး Google Assistant မှာပါဝင်တဲ့ AI chatbot ကသင့်ကို သတင်းအချက်အလက်တွေပေးဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ ဆိုရမယ်ဆိုရင် သင့်အနေနဲ့ နေ့စဉ်သတင်း၊ ရာသီဥတု၊ ယာဉ်လမ်းကြောအခြေအနေ၊ အားကစားဒါမှမဟုတ် နောက်ထွက်မယ့် လေကြောင်းခရီးစဉ် စတဲ့ Update တွေကို ပို့ပေးနိုင်ဖို့အတွက် လုပ်ထားနိုင်ပါတယ်။

အဲ့ဒီအပြင် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေအတွက်လည်း အသုံးပြုနိုင်ပြီး အနီးအနားမှာ ဆေးဆိုင်၊ ဘဏ်၊ ကားပါကင်၊ ဆီဆိုင်နဲ့ စူပါမားကတ်တွေလို ဘာတွေရှိတယ်ဆိုတာကို မေးဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ သင့်အနေနဲ့ ညစာအတွက်ကြိုတင်စာရင်းပေးထားတာ၊ ဒါမှမဟုတ် အားလပ်ရက်တွေအတွက် သွားချင်တဲ့နေရာ၊ လေကြောင်း၊ ဟိုတယ်နဲ့ သူငယ်ချင်းတွေကို ရှာခိုင်းတာတွေတောင် လုပ်နိုင်မှာပါ။

blank

စတဲ့စတဲ့ လုပ်ဆောင်ချက်တွေများစွာပါဝင်တဲ့ Allo မျိုးဆက်သစ် Chatting App ကို ဒီနေ့ကစပြီး Google Play Store နဲ့ Apple Store တွေမှာဒေါင်းလို့ရနေပြီဖြစ်ပါတယ်။ အသေးစိတ်လုပ်ဆောင်ချက်တွေပါဝင်တဲ့ Review တစ်ခုက မကြာခင်မှာ ထပ်ရေးပြီးတင်ပေးမှာ ဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

Ref: Daily Mirror

%d bloggers like this: