1 Shares 30 Views

၂၀၂၀တွင် အလုပ်အကိုင်ငါးသန်းကို စက်ရုပ်များဖြင့်အစားထိုးမည်

 

စက်ရုပ်တွေနဲ့ သိဥာဏ်တု(AI) တွေဟာ အခုခေတ်စားတာထက် ပိုမိုခေတ်စားလာဖို့ရှိပြီး လာမယ့် ၂၀၂၀မှာ အလုပ်အကိုင်နေရာ ငါးသန်းလောက်ထိ စက်ရုပ်တွေနဲ့ အစားထိုး အလုပ်လုပ်ဖွယ်ရှိနေပါတယ်။ တကယ်လို့ အဲ့ဒီလိုသာ တကယ်ဖြစ်သွားရင်တော့ အမျိုးသမီးတွေအတွက် အကြီးမားဆုံး ရိုက်ခတ်မှုတွေဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ သုတေသနတစ်ရပ်က ဆိုပါတယ်။

စက်ရုပ်တွေရဲ့ လုပ်ကိုင်နိုင်စွမ်းအားတွေမြှင့်မားလာတာနဲ့ အညီ Nanoနည်းပညာ၊ 3D Print ထုတ်လုပ်နည်းပညာတွေ မြှင့်မားလာတာကလည်း အလုပ်သမားတွေအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာနိုင်တာ ဖြစ်ပါတယ်။ အခုလိုမျိုးစက်ရုပ်တွေရဲ့ ဥာဏ်ရည်တွေမြင့်လာတာကြောင့် ကုမ္ပဏီတွေဟာ နောက်ငါးနှစ်အတွင်းမှာ စက်ရုပ်တွေကို အကောင်းဆုံးအသုံးချဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF) ရဲ့ အစီရင်ခံစာတစ်ရပ်အရ ဒီအဖြစ်အပျက်ဟာ အလိုအလျောက်လုပ်ကိုင်မှုစွမ်းရည်မြှင့်တက်လာတာတွေ၊ အသိဥာဏ်နဲ့ လုပ်ကိုင်နိုင်စွမ်းမြှင့်မားလာတာတွေ စတဲ့အချက်အလက် တွေကိုဖြတ်ပြီး အဖြူရောင်ကော်လာနဲ့ အလုပ်သမားပေါင်း ၇.၁သန်းလောက်ကို လျှော့ချပျောက်ဆုံးစေဖွယ်ရှိနေတာဖြစ်ပါတယ်။

ဒီလိုပြောင်းလဲမှုတွေကြောင့် တစ်ကမ္ဘာလုံးက ၄၈ရာခိုင်နှုန်းသော အမျိုးသမီးအလုပ်သမားတွေအပေါ်ကြီးမားတဲ့ရိုက်ခတ်မှုဖြစ်ပေါ်လာပြီး အလုပ်အကိုင်အတွက် လိင်ခွဲခြားမှုတွေလည်းဖြစ်ပေါ်လာနိုင်တယ် လို့သိရပါတယ်။

woman depressing

Ref: Mirror

You may be interested

Apple က iOS 11 ကို ဖြန့်ချီပြီ
Apple, HUBS, NEWS
0 shares0 views

Apple က iOS 11 ကို ဖြန့်ချီပြီ

Ko Thuya - Sep 20, 2017

Apple က ဇွန်လမှာ ကျင်းပခဲ့တဲ့ World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Apple က iOS 11, watchOS 4 နဲ့ tvOS 11…

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ
Gionee, HUBS, Mobiles & Tablets
66 shares15 views

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ

Ko Thuya - Sep 20, 2017

Gionee က အိန္ဒိယမှာ စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့အမည်ကတော့ Gionee X1s ဖြစ်ပြီး အိန္ဒိယ ရူပီး ၁၂၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၂၀၀ ၀န်းကျင် မြန်မာငွေအားဖြင့် ၂၅၀ ၀၀၀ ၀န်းကျင်…

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
822 shares521 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Most from this category