0 Shares 1687 Views

iPhone 7 ကို ရေနွေးအိုးထဲထည့်ပြီး၊ Coca-Cola ထဲမှာ၁၇နာရီကြာခဲထားတဲ့ စမ်းသပ်မှုပြုလုပ်ခဲ့

Sep 20, 2016
0 1687

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က နောက်ဆုံးပေါ်ပစ္စည်းတွေကို အမျိုးမျိုးဖျက်ဆီးပြီး စမ်းသပ်ပြတတ်တဲ့ ဘလော့ဂါတစ်ယောက်ဟာ ယခုတစ်ဖန်လည်း iPhone 7 ကို အံ့အားသင့်ဖွယ်ကောင်းအောင် ရေနွေးပူတွေ ကျိုက်ကျိုက်ဆူနေတဲ့အထဲ ထည့်ပြီး၊ တစ်ဖန် Coca-Cola အချိုရည်ထဲမှာ ထည့်ခဲထားတဲ့ စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

TechRax က ဘလော့ဂါအနေနဲ့ အဆိုပါဗီဒီယိုကို YouTube ပေါ်မှာတင်ခဲ့ပြီး iPhone 7 ရဲ့ ရေစိမ်ခံနိုင်မှုကို စမ်းသပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဘလော့ဂါဟာ အရင်ဆုံး Apple ရဲ့နောက်ဆုံးထွက် မျိုးဆက် iPhone 7 ကို ဗီဒီယိုတစ်ခုဖွင့်ပြီး ဒီဂရီ ၂၀၀ကျော်အပူချိန်ရှိတဲ့ ရေနွေးအိုးထဲကို ပစ်ထည့်ခဲ့တာပါ။ ဖုန်းဟာ ချက်ချင်းမဲတက်သွားပြီး အကုန်လုံးပိတ်သွားခဲ့ပါတယ်။

အဲ့ဒီနောက် ရေနွေးအိုးထဲက ထုတ်ပြီးပြန်ဖွင့်ကြည့်ရမှာတော့ iPhone 7 ဟာ အလုပ်လုပ်နေဆဲဖြစ်နေတာကို တွေ့ရှိခဲ့ကြရတာပါ။ အဲ့ဒီလိုမျိုးသုံးခါလောက်လုပ်အပြီးမှာတော့ iPhone ဟာ အပူချိန်သတိပေးချက်ထွက်ပေါ်လာခဲ့ပေမယ့် Function အားလုံးအလုပ်လုပ်နေခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

တစ်ဖန် ခုနက ကြိုချက်ထားတဲ့ ဖုန်းကိုပဲ Coca-Cola အချိုရည်ထဲ ထည့်ပြီး ရေခဲရိုက်ထားတဲ့ စမ်းသပ်မှုတစ်ခုကိုလည်း ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဖုန်းအနေနဲ့ အားအပြည့် ၉၇ရာခိုင်နှုန်းလောက်ထိ သွင်းထားပြီး Tray တစ်ခုထဲကို Coca-Cola အချိုရည်တွေနဲ့အတူ ထည့်ပြီး ‘၁၇နာရီကြာအောင်’ ထည့်သွင်းအေးခဲထားခဲ့ပါတယ်။

အဲ့ဒီနောက် ပြန်ထွက်လာတဲ့ဖုန်းကိုဖွင့်ကြည့်ရာမှာ အသံစနစ်အနည်းငယ်ယိုးယွင်းသွားတာကလွဲလို့ တခြားလုပ်ဆောင်ချက်တွေ အကုန်လုံး အကောင်းအတိုင်းရှိနေတာကို တွေ့ရှိခဲ့ကြရတာပါ။ ဒါကြောင့်ဖုန်းအနေနဲ့ ရေနွေးပူထဲကိုထည့်ထားတဲ့ဒဏ်၊ အအေးဓာတ်နဲ့ ၁၇နာရီကြာနေခဲ့ရတဲ့ဒဏ်တွေခံရတာတောင် အလုပ်လုပ်နေတာကို တွေ့ရှိခဲ့ကြရပါတယ်။

ယခင် Samsung Galaxy Note 7 ထွက်တုန်းကလည်း အဖွဲ့တစ်ဖွဲ့ဟာ ရေခဲထဲမှာအေးခဲထားပြီး ပေတစ်ရာအမြှင့်ကနေ ပစ်ချတဲ့စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ဖူးပြီး ဒီနေရာကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

Ref: YouTube, UPI

Facebook Comments

You may be interested

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း
FEATURES, Mobile & Tablets, Softwares & Application
123 shares176 views

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း

Ko Thuya - May 25, 2017

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း က ဘာလဲလို့ မေးရင် အဖြေကတော့ အလွန် ရိုးရှင်းပါတယ်။ အဲဒါက စကရင်ကို Lock လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ပိုင်ရှင် အများစုဟာ အခြေခံကျပြီး အစွမ်းထက်တဲ့ လုံခြုံရေးကို…

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း
FEATURES, HUBS, Mobile & Tablets
167 shares248 views

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - May 25, 2017

Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပြီး အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။…

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်
HUBS, Local, Local News
87 shares110 views

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်

Thoe Gyi - May 25, 2017

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို စတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေဒေသအသီးသီးတွင်ရှိသည့်  ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပြီး ယင်း ဝန်ဆောင်မှုသည် လူအများစုမှတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊…

Most from this category