0 Shares 297 Views

ကျပ် ၈၆သိန်းနီးပါးတန်ကြေးရှိတဲ့ ကင်မရာတစ်မျိုးကို Leica ထုတ်လုပ်

Sep 18, 2016
0 297

Leica ရဲ့ ကင်မရာတွေဟာ တစ်မူထူးခြားပြီး ကွဲထွက်နေတဲ့ ဒီဇိုင်းပုံစံ၊ ရုပ်ပုံထွက်အရည်အသွေးနဲ့ “ဈေးနှုန်းကြီးမြင့်မှု” စတာတွေကြောင့် လူသိများကျော်ကြားပါတယ်။ယခုတစ်ခါမှာလည်း Leica ဟာ ဒီဇိုင်းလွန်ပုံစံတစ်မျိုးနဲ့ တိုက်တေနီယမ်သတ္တုကိုယထည် Limited Edition ထုတ်ကုန်တစ်မျိုးကို ထပ်မံထုတ်လုပ်လိုက်ပြန်ပါပြီ။

ကင်မရာကို M-P Titanium လို့နာမည်ပေးထားပြီး Leica ရဲ့ M ဗားရှင်းကို ပြန်လည် Update လုပ်ထားတာပါ။ Memory အနေနဲ့ 2 GB ပါဝင်တယ်လို့ သိရပါတယ်။ LCD ရဲ့ ကာဗာကို နီလာနဲ့ သွေးထားတာဖြစ်ပြီး 24 MP Full Frame CMOS ဆင်ဆာပါဝင်ပါတယ်။ M-P တိုက်တေနီယမ်ဟာ Hardware ပိုင်းမှာသာမန် M-P ကင်မရာတွေထက် ပိုမိုကျစ်လျစ်တဲ့ Titanium နဲ့ ပြုလုပ်ထားတာဖြစ်ပေမယ့် ကင်မရာရဲ့အလေးချိန်ကို သုံးအောင်စလောက်အထိ လျှော့ချပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

ကင်မရာကိုလာမယ့် အောက်တိုဘာလမှာ စတင်ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ M-P ဟာ ဒေါ်လာ ၆၉၉၅ (ကျပ် ၈၆သိန်းနီးပါး) ခန့်ရှိမှာဖြစ်ပါတယ်။ ကားတစ်စီးလောက် တန်ကြေးရှိတဲ့ မော်ဒယ်အတွက် Limited Edition ဆိုတဲ့အတိုင်း ဘယ်နှစ်လုံးထုတ်လုပ်မယ်ဆိုတာတော့ ပြောကြားထားခြင်းမရှိပါဘူး။

Ref: The Verge

You may be interested

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်
Mobiles & Tablets, NEWS
346 shares89 views

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်

Ko Thuya - Sep 22, 2017

မကြာခင်ကပဲ Apple ဟာ ဖုန်း အစိတ်အပိုင်း ရရှိမှု အခက်အခဲများကြောင့် iPhone X ကို သတ်မှတ်ထားတဲ့ နေ့ရက်ထက် နောက်ကျပြီးမှ ရောင်းချနိုင်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုက လူအများစုဟာ ဒီနှစ်ထဲမှာ iPhone X ကို…

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap
Gadgets, NEWS
175 shares33 views

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap

Ko Thuya - Sep 22, 2017

စမတ်ဖုန်းများမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားများဟာ အိမ်သာကထက်တောင် ပိုမိုများပြားတယ်ဆိုတဲ့ သုတေသနရလဒ်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် ဆပ်ပြာများ၊ ပေါင်ဒါအမှုန့်များကို အသုံးပြုခြင်းဟာ ဖုန်းကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် PhoneSoap အမည်ရ…

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ
Security & Safety
138 shares47 views

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ

Zar Ni Nyein Tun - Sep 22, 2017

Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခုဝင်ရောက်လာပြီး သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့် ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် အမြည်မှာ…

Most from this category