0 Shares 55 Views

အင်တာနက်ကနေ ရုပ်ရှင်ကားတွေတိုက်ရိုက်ကြည့်နိုင်တဲ့ Netflix ၀န်ဆောင်မှုကို လစဉ်ကြေးသွင်း ကြည့်ရှုသူပေါင်း ၇၅ သန်း ရောက်ရှိ

Jan 20, 2016
0 55

video.yahoofinance.com@c69e8101-901d-3904-ab35-e92382b49d00_FULL

အင်တာနက် video streaming ၀န်ဆောင်မှုဖြစ်တဲ့ Netflix ကို ကမ္ဘာတစ်လွှားကနေ လစဉ်ကြေးသွင်းအသုံးပြုသူပေါင်း ၇၅သန်းပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း ကုမ္ပဏီက အင်္ဂါနေ့မှာ ကြေငြာခဲ့ပါတယ်။

မြောက်ကယ်လီဖိုးနီးယားအခြေစိုက် Netflix ကုမ္ပဏီဟာ ၂၀၁၅ခုနှစ်၊ နောက်ဆုံးသုံးလအတွင်းမှာ မန်ဘာအသစ်ပေါင်း ၅.၅၉ သန်း စံချိန်တင်ရရှိခဲ့ကာ၊ အသားတင်အမြတ်ငွေ ဒေါ်လာ ၄၃ သန်းလောက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းကြေငြာပြီးနောက်မှာ Netflix ရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ ၁၁၅.၂၀ ဒေါ်လာထိ ခုန်တက်သွားပြီး ကုမ္ပဏီရဲ့တန်ဖိုးဟာ အခုဆိုရင် ကန်ဒေါ်လာ ၂၈ ဘီလီယံရှိနေပြီဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ကိုယ်ပိုင်တီဗီအစီအစဉ်တွေ ရိုက်ကူးသွားဖို့အတွက်လည်း Netflix အနေနဲ့ ဒေါ်လာ ၆ ဘီလီယံလောက် သုံးစွဲသွားမှာဖြစ်ပြီး၊ ပထမသုံးလပတ်အတွင်း နောက်ထပ်မန်ဘာပေါင်း ၆.၁ သန်းလောက် ထပ်မံရရှိသွားဖို့ ကိုလည်း မျှော်မှန်းထားပါတယ်။

အင်တာနက်ရှိရုံနဲ့ လစဉ်ကြေးသွင်းကာ စမတ်ဖုန်း၊ စမတ်တီဗီ၊ PS3 ၊ Xbox 360၊ Wii စတဲ့ Netflix  ပါတဲ့ စက်တိုင်းကနေ  ဗီဒီိယိုတွေတိုက်ရိုက်ကြည့်ရှုနိုင်တဲ့  Netflix ၀န်ဆောင်မှု ကို ယခုအခါ တရုတ်နိုင်ငံကလွဲလို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ မှာ ရရှိနေပြီဖြစ်ပါတယ်။

Ref: Yahoo

 

 

 

 

You may be interested

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့
Gadgets, NEWS, Tech Update
20 shares7 views

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့

Ko Thuya - Jun 20, 2018

ခွဲစိတ်ကုသရေး လုပ်ငန်းများမှာ စက်ရုပ်များကို အသုံးပြုနေကြပါပြီ။ အခုတော့ လူ့မျက်လုံးကို ခွဲစိတ်ဖို့ ပထမဆုံးအနေဖြင့် စက်ရုပ်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီ ခွဲစိတ်မှုကို အောက်စဖို့ဒ်မှ John Radcliffe Hospital မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး Nature Biomedical Engineering မှာ…

Pop-Up Camera ပါလာတဲ့ Oppo Find X
Android, HUBS, Mobiles & Tablets
434 shares74 views

Pop-Up Camera ပါလာတဲ့ Oppo Find X

Ko Thuya - Jun 20, 2018

Oppo က ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပါတဲ့ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Find X ဖြစ်ပြီး စကရင်အထက်မှ ဘောင်ဟာ အလွန်ပါးလွှာပါတယ်။ ကင်မရာများ တပ်ဆင်ထားတဲ့ Notch လည်း မပါပါဘူး။ ကင်မရာများဟာ မျက်နှာပြင်ရဲ့ အထက်မှာ…

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
251 shares602 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

Most from this category