0 Shares 231 Views

အဆင့်မြင့်၊ တန်ဖိုးသင့် Instant ကင်မရာအမျိုးအစားတစ်မျိုးကို Leica ထုတ်လုပ်

Sep 17, 2016
0 231

ဂျာမန်ကင်မရာ ကုမ္ပဏီ Leica ဟာ တန်ဖိုးသင့်တင့်တဲ့ instant ကင်မရာ အမျိုးအစားသစ်တစ်မျိုးကို ထုတ်လုပ်လိုက်တယ်လို့ သိရပါတယ်။ ကင်မရာကို Sofort လို့ နာမည်ပေးထားတာဖြစ်ပြီး လာမယ့် နိုဝင်ဘာလမှာ ဒေါ်လာ ၃၀၀နဲ့ ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

leica-sofort2

Leica ရဲ့ ကင်မရာအသစ်အနေနဲ့ Fujifilm ရဲ့ Instax Film စနစ်ကိုအသုံးပြုထားတာဖြစ်လို့ ရိုက်ပြီးတာနဲ့ ချက်ချင်း ဓာတ်ပုံကို Print ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီကင်မရာမှာ Standard Auto, Party, People, Sport, Action နဲ့ Macro အစရှိတဲ့ Automatic Mode တွေလည်း အများအပြားပါဝင်ပါတယ်။ ကင်မရာအနေနဲ့ Selfie ရိုက်ကူးနိုင်ဖို့အတွက် “Self-portraits” လို့ခေါ်တဲ့ စနစ်တစ်မျိုးပါဝင်လို့ Selfie ပုံတွေကိုလည်း ကောင်းမွန်စွာရိုက်ကူးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Leica ဟာ Sofort အတွက် ဖလင်အရောင်ကို အနက်နဲ့ အဖြူဆိုပြီးရွေးချယ်နိုင်မှာဖြစ်တဲ့အပြင် တခြား Accessories တွေလည်း ဝယ်ယူထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ကင်မရာရဲ့ ကိုယ်ထည်အရောင်ကိုတော့ အဖြူ၊ လိမ္မော်နဲ့ အစိမ်းရောင်ဆိုပြီးရွေးချယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

leica-sofort3

Ref: The Verge

Facebook Comments

You may be interested

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း
FEATURES, Mobile & Tablets, Softwares & Application
123 shares176 views

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း

Ko Thuya - May 25, 2017

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း က ဘာလဲလို့ မေးရင် အဖြေကတော့ အလွန် ရိုးရှင်းပါတယ်။ အဲဒါက စကရင်ကို Lock လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ပိုင်ရှင် အများစုဟာ အခြေခံကျပြီး အစွမ်းထက်တဲ့ လုံခြုံရေးကို…

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း
FEATURES, HUBS, Mobile & Tablets
167 shares248 views

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - May 25, 2017

Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပြီး အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။…

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်
HUBS, Local, Local News
87 shares110 views

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်

Thoe Gyi - May 25, 2017

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို စတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေဒေသအသီးသီးတွင်ရှိသည့်  ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပြီး ယင်း ဝန်ဆောင်မှုသည် လူအများစုမှတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊…

Most from this category