0 Shares 118 Views

၂၀၁၆ခုနှစ်အတွက် Google Nexus စမတ်ဖုန်းအသစ်နှစ်မျိုးကို HTC က ထုတ်လုပ်ပေးသွားမည်

Jan 21, 2016
0 118

Google ဟာ ဒီနှစ်အတွက် Nexus စမတ်ဖုန်းအသစ်နှစ်မျိုးကို HTC နဲ့ ပူးပေါင်းထုတ်လုပ်သွားဖွယ်ရှိပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Mountain View မြို့အခြေစိုက် Google ကုမ္ပဏီဟာ ထိုင်ဝမ်အခြေစိုက်စမတ်ဖုန်းကုမ္ပဏီ HTC နဲ့ပူးပေါင်းပြီး Nexus တံဆိပ်စမတ်ဖုန်းအသစ်နှစ်မျိုးကို ယခုနှစ်အတွင်း ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သတင်းတစ်ပုဒ်အရသိရှိရပါတယ်။

HTC ဟာ Nexus ဖုန်းနဲ့စိမ်းတဲ့ကုမ္ပဏီတစ်ခုမဟုတ်သလို၊ ၂၀၁၀ ခုနှစ်မှာ ပထမဆုံး Nexus ဖုန်း Nexus One နဲ့ ၂၀၁၄ခုနှစ်မှာ ၉ လက်မအရွယ်၊ Nexus 9 တက်ဘလက်တစ်လုံးကို ထုတ်လုပ်ပေးခဲ့တဲ့ကုမ္ပဏီတစ်ခုပါ။

Samsung ၊ LG ၊ Motorola ၊ Huawei တို့နဲ့လည်းပူးပေါင်းကာ Nexus စမတ်ဖုန်းတွေထုတ်ခဲ့ဖူးတဲ့ Google ဟာ ယခု ၂၀၁၆ ခုနှစ်ရဲ့ Nexus ဖုန်းကိုတော့ HTC ကုမ္ပဏီလက်ထဲ ပြန်လည်လွှဲပေးသွားဖို့ရှိပြီး ဖန်သားပြင် ၅ လက်မ နဲ့ ၅.၅ လက်မအရွယ် Nexus ဖုန်းနှစ်မျိုး ထုတ်လုပ်နိုင်ကြောင်း ခိုင်မာတဲ့သတင်းရင်းမြစ်တစ်ခုအရ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ရဲ့ Nexus 5X နဲ့ Nexus 6P ဖုန်းနှစ်လုံးကိုတော့ Google ဟာ Huawei ၊ LG ကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ

Ko Thuya - Jun 25, 2018

တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ဟာ Xiaomi Redmi Note 5 Pro ရဲ့ Chinese MIUI 10 Beta မှာ ပါလာပါတယ်။ ဒီသတင်းကို XDA…

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
96 shares32 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

Most from this category