ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ Taxi တွေနဲ့ ခရီးသည်တွေပို့ဆောင်နေပြီဖြစ်တဲ့ Uber

Taxi ကုမ္ပဏီတစ်ခုဖြစ်တဲ့ Uber ဟာ သူတို့ရဲ့ ပထမဆုံး အလိုအလျောက်မောင်းနှင်စနစ်ကားကို စီးပွားရေးဆိုင်ရာအသုံးပြုဖို့အတွက် စတင်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ အလိုအလျောက်မောင်းနှင် ကားတွေဟာ ခရီးသည်တွေကိုတင်ဆောင်ပြီး အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်ဗေးနီးယားပြည်နယ်က Pittsburgh မြို့မှာ ခရီးသည်တွေကို တင်ဆောင်မောင်းနှင်နေတာပါ။

ကုမ္ပဏီရဲ့ ပြောကြားချက်အရတော့ ဒါဟာဆိုရင် ခရီးသည်တွေအတွက် ပထမဆုံး အလိုအလျောက်မောင်းနှင်စနစ် ကားပဲဖြစ်တယ်လို့ ဆိုပါတယ်။ အလိုအလျောက်မောင်းနှင်တဲ့ ကားဆိုပေမယ့် ကားကိုစောင့်ကြည့်ထိန်းချုပ်ပေးမယ့် ယာဉ်မောင်းတစ်ဦးကိုလည်း ထည့်သွင်းထားဦးမှာ ဖြစ်ပါတယ်။

uber-selfdriving-car2

Uber အနေနဲ့ ဒီမောင်းသူမဲ့စနစ်နည်းပညာကို စမ်းသပ်နေဆဲဖြစ်ပြီး တခြားမြို့နဲ့နိုင်ငံတွေကို ဖြန့်ကျက်လုပ်ဆောင်မယ့် အနေအထားအတွက်တော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။ ကုမ္ပဏီအနေနဲ့  မောင်းသူမဲ့ကားစနစ်ကို ထပ်မံချဲ့ထွင်သွားဦးမှာဖြစ်ကြောင်း၊ အနာဂါတ်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ထပ်မံဖန်တီးပေးနိုင်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

Pittsburgh မှာမောင်းနှင်နေတဲ့ ကားနဲ့ပတ်သက်ပြီး ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်

Ref: Techno Buffalo

%d bloggers like this: