0 Shares 384 Views

အမေရိက မှာ Samsung ရဲ့ မော်ဒယ်လ်အဟောင်း ဖုန်းများအား စတင်တားမြစ်

Jan 21, 2016
0 384

 

Apple ကတော့ လွန်ခဲ့တဲ့ အင်္ဂါနေ့က သူတို့ရဲ့ မဟာပြိုင်ဘက်ဖြစ်တဲ့ Samsung ကို တရားရုံးမှာ ထပ်မံအနိုင်ရရှိမှုတစ်ခုအနေနဲ့ Samsung ရဲ့ မော်ဒယ်အဟောင်း ဖုန်းတွေကို အမေရိကန်မှာတားမြစ်ခဲ့ပါတယ်။ အမေရိကန်တရားသူကြီးရဲ့ တရားရုံးဆုံးဖြတ်ချက်အရ နောက်လကစပြီးတော့ Samsung မော်ဒယ်ဟောင်းစမတ်ဖုန်းတွေကို အမေရိကန်နိုင်ငံအတွင်း ထပ်မံရောင်းချနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး Samsung အနေနဲ့ စိတ်ပျက်ရကြောင်း၊ အမေရိကန်နိုင်ငံမှာ သူတို့ရဲ့ စမတ်ဖုန်းမော်ဒယ်ဟောင်းတွေကို သုံးစွဲသူသန်းနဲ့ ချီပြီးရှိကြောင်း အွန်လိုင်းပို့စ်မှာ ဖော်ပြချက်အရသိရပါတယ်။

တရားသူကြီးရဲ့ ပြောကြားချက်အရ Samsung အနေနဲ့ သူတို့ရဲ့ မော်ဒယ်ဟောင်းဖုန်းတွေမှာ Apple ရဲ့ နည်းပညာတွေဖြစ်တဲ့ အလိုအလျောက်စာလုံးပေါင်းမှန်တဲ့ စနစ်နဲ့၊ မျက်နှာပြင်ကိုပွတ်လိုက်ရင် Unlock ဖြစ်သွားတဲ့ စနစ်တွေကို ပုံတူကူးချပြီး စည်းမျဥ်းတွေချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။ Samsung ရဲ့ Devices တွေဖြစ်တဲ့ Galaxy, Stratosphere, Nexus နဲ့ Admire မော်ဒယ်တွေဟာ ယခုလိုမျိုးစည်းမျဉ်းထိပါးခဲ့တယ်ဆိုပြီးတော့ အမှုစစ်ဆေးတဲ့အထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

Apple နဲ့ Samsung တို့ဟာ မူပိုင်ခွင့် ကိစ္စတွေအတွက် တရားတဘောင်တွေအကြိမ်ကြိမ် ရင်ဆိုင်ခဲ့ကြရပါတယ်။ မကြာသေးမီက တောင်ကိုရီးယားနည်းပညာကုမ္ပဏီ Samsung ဟာ ကယ်လီဖိုးနီးယားအခြေစိုက် ကုမ္ပဏီ Apple ကို မူပိုင်ခွင့်ချိုးဖောက်မှု အတွက် ဒေါ်လာသန်း ၅၀၀ ကျော် လျော်ကြေးပေးခဲ့ရပြီး အခုလိုထပ်မံ ဆုံးဖြတ်ချက်လည်းထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ
Apple, HUBS, Mobiles & Tablets
208 shares47 views

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ

Ko Thuya - Nov 24, 2017

Apple က ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone အတွက် Patent တစ်ခုကို မှတ်ပုံတင်လိုက်ပါတယ်။ US Patent and Trademark Office (USPTO) မှ သတင်းအချက်အလက်များအရ အဲဒီ Patent ဟာ ကွေးညွှတ်ပျော့ပြောင်းတဲ့ မျက်နှာပြင်တပ်ဆင်ထားတဲ့ ကိရိယာ ဖြစ်ပြီး…

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်
Mobiles & Tablets, NEWS
340 shares149 views

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်

Nwe Oo - Nov 24, 2017

မကြာသေးခင်ကပဲ OnePlus 5T ဖုန်းတွေကို မိတ်ဆက်လိုက်ပြီးနောက်မှာတော့ ဖုန်းရဲ့ hardware ပိုင်းရော software ပိုင်းကိုပါ တော်တော်လေးစိတ်တိုင်းကျခဲ့ပါတယ်။ ပေးရတဲ့ $499 နဲ့တော်တော်ကြီးတန်တဲ့ဖုန်းတစ်လုံးလို့တော့ ဆိုရမှာပါ။ OnePlus ကုမ္ပဏီက အရမ်းတော့မကြီးပေမယ့်လည်း သူ့ရဲ့ဈေးကွက်ကို သူကိုယ်တိုင်နားလည်ပါတယ်။ $500 လောက်နဲ့  ကမ္ဘာမှာနာမည်ကြီးနေတဲ့…

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ
Mobiles & Tablets, NEWS
183 shares58 views

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ

Ko Thuya - Nov 24, 2017

Coolpad က အိန္ဒိယမှာ တန်ဖိုးနည်း Note 5 Model အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ယခုနှစ် သြဂုတ်လမှာ အိန္ဒိယတွင် ရောင်းချပေးခဲ့တဲ့ Note 5 Lite C ရဲ့ Storage ထက် နှစ်ဆ ပိုမိုများပြားတဲ့ 32GB…

Most from this category