0 Shares 3487 Views

iPhone တွေမှာ Viber ထဲက မှားဖျက်လိုက်မိတဲ့ Message တွေကို ဘယ်လိုပြန်ယူမလဲ

Sep 15, 2016
0 3487

Viber ဆိုတာကတော့ အားလုံးလိုလိုလဲ အသုံးပြုကြတဲ့ ချက်တင် App တစ်ခုပါပဲ။ Viber အသုံးပြုသူအတော်များများဟာ ကိုယ်ပြောထားတဲ့ Message ဒါမှမဟုတ် Chatting Record တွေကို မတော်တဆဒါမှမဟုတ် တခြားအကြောင်းတွေကြောင့် ဖျက်မိရာကနေ ပြန်လိုချင်တဲ့အခါမှာ အခက်အခဲတွေ့ကြရပါတယ်။

ဥပမာ သင့်အတွက်သင့်ကောင်မလေးက ပို့ပေးလိုက်တဲ့ Valentine Day ဆုတောင်းစာကို မှားပြီးဖျက်မိတာ၊ ဒါမှမဟုတ် ကိုယ့်ကိုပို့လိုက်တဲ့ အချက်အလက်ထဲမှာ ကိုယ့်အတွက်အရေးကြီးတဲ့ အချက်အလက်တွေ ပါဝင်သွားတာမျိုးပေါ့။ ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်ဖြစ် Viber Message ရဲ့ History ဆိုတာဟာ အရေးပါတဲ့အထဲ ပါဝင်တာတော့အမှန်ပါပဲ။

အရင်တုန်းကလည်း ကျွန်တော်တို့ DigitalTimes.com.mm မှာ Android ဖုန်းတွေကနေ Viber ထဲမှာဖျက်လိုက်တဲ့ Message တွေကို ပြန်ယူနည်းကို တင်ပေးခဲ့ဖူးပါတယ်။ အသေးစိတ်သိချင်ရင် ဒီလင့်ကိုနှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ယခုတစ်ခါတော့ ကျွန်တော်က iOS Device တွေမှာ Viber ထဲကနေ မှားယွင်းဖျက်လိုက်မိတဲ့ Message တွေကို ပြန်လည်ရယူပုံကို ဖော်ပြပေးမှာပါ။ ဒါကြောင့်သင့်အနေနဲ့ အရေးပါတဲ့အရာတွေဖျက်မိရင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်စရာမလိုတော့ပါဘူး။ ကဲကျွန်တော်တို့ စလုပ်ကြည့်ကြရအောင်..

ပထမနည်းလမ်း : ဖျက်လိုက်မိတဲ့ Viber Messages တွေကို Backup ကနေပြန်လည်ရယူခြင်း

Viber Message Backup တွေကို Email ကနေ ပြန်လည်ရယူခြင်း

တကယ်လို့သင်ဟာ သင့်ရဲ့ Viber Message ရဲ့ History/Record တွေကို email ကို ပုံမှန်ပေးပို့တတ်သူဆိုရင်တော့ သင်ဟာ Viber ရဲ့ More ထဲက Setting ကိုဝင်လိုက်ပြီးရင် အထဲမှာတွေ့တဲ့ Calls and Messages ထဲကိုဝင်ပြီး Email Message History ထဲကနေတစ်ဆင့် သင့်Mail ထဲကို Viber Message Backup တွေကို ပို့ခိုင်းလို့ရပါတယ်။ ဒါဆိုရင်သင့်အနေနဲ့ Send Viber Messages နှိပ်လိုက်ရင်ပုံပါအတိုင်း Viber Backup File ကိုတွဲပြီး ပို့လိုက်တာနဲ့ Mail ထဲကို ရောက်သွားပါပြီ။ ဖိုင်ကိုဒေါင်းလုဒ်ဆွဲလိုက်ရင် သင်ပြောခဲ့တဲ့ Message/Chats (ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်များမပါဝင်) တွေဟာ ပြန်လည်ရရှိမှာပါ။

viber-on-ios-recovery1

Viber Message Backup တွေကို iCloud ဒါမှမဟုတ် iTunes ကနေတစ်ဆင့် ပြန်လည်ရယူခြင်း

သင့်အနေနဲ့ Backup ဒေတာကို ပြန်ယူနိုင်မယ့် နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ လတ်တလောမှာ Backup လုပ်ထားတဲ့ iPhone ဒေတာတွေ (Viber လဲအပါအဝင်) ကို iCloud ဒါမှမဟုတ် iTunes ကနေတစ်ဆင့် Viber Messages တွေကို ပြန်လည်ရယူတာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ iPhone ကို iCloud/iTunes အကောင့်ကနေ ပြန်လည်ပြီး Restore လုပ်နိုင်ပါတယ်။ တစ်ခုသတိထားရမှာက Restore လုပ်တဲ့ လုပ်ငန်းစဉ်ဟာ ဖုန်းထဲမှာရှိနေတဲ့ လက်ရှိဒေတာတွေအားလုံးကို ဒီ Backup ဖိုင်နဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။

ဒုတိယနည်းလမ်း : Viber Messages တွေကို iPhone နဲ့ Freeware ကနေတစ်ဆင့် ပြန်လည်ရယူခြင်း

Viber Messages မှာ Backup မလုပ်ထားဘူးလား? စိတ်မလျှော့ပါနဲ့။ Free iPhone Recovery Software က iPhone တွေမှာ ဖျက်လိုက်မိတဲ့ Messages တွေ (Chat လုပ်ထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အပါအဝင်) ကို ပြန်လည်ရယူဖို့အတွက် အထူးဒီဇိုင်းထုတ်ပြီး ပြုလုပ်ထားပါတယ်။ ဒီ Software ဟာ PC နဲ့ Mac ကွန်ပျူတာတွေအတွက် ပြုလုပ်ထားတာဖြစ်ပြီး တကယ်လို့ သင်ဟာ Viber ကို Backup လုပ်မထားရင်တောင် ပြန်လည်ရယူနိုင်မှာပါ။

အဲ့ဒီအပြင် ဒီ Software မှာ Professional နဲ့ Free software တို့ရဲ့ ကွာခြားချက်ကတော့ Pro Software ကတော့ Viber Messages တွေအပြင် SMS, Contacks, Photos, Notes, WhatsApp တွေရဲ့ ဒေတာတွေကိုတောင် ပြန်လည်ရယူနိုင်မှာပါ။ ဒီ Software ဟာ iPhone 6s, 6, SE, 5s, 5c, 4s နဲ့ iPad Pro, iPad Air, iPad mini စတဲ့ ပစ္စည်းတွေအတွက် အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

iPhone Data Recovery Software အား PC နှင့် Mac များအတွက် ဒေါင်းလုဒ်ရယူရန် (28.2Mb)

ဒါကြောင့် Software ကို ဒေါင်းလုဒ်ဆွဲ၊ Install လုပ်ရမှာပါ။ App ကိုဖွင့်လိုက်တာနဲ့ သင့်ကို ဘာတွေကို ပြန်လည် Data Restore လုပ်လိုတယ်ဆိုတာမေးမှာပါ။ အဲ့ဒီအထဲမှာ Restore လုပ်လိုတဲ့ အရာတွေကို Mark လုပ်ရမှာပါ။ ဒါပေမယ့် Software ဟာ Auto လုပ်ပေးထားတာကိုတွေ့ရမှာပါ။ Viber & Attachments ကိုပါမပါသေချာကြည့်ပါ။

viber-on-ios-recovery3

 

ပြီးရင် iPhone, iPad ကို အရင်ဆုံး USB နဲ့ ချိတ်ဆက်လိုက်တာနဲ့ အသုံးပြုလို့ရပြီဖြစ်ပါတယ်။ ပြီးရင် iTunes Backup Recovery ကိုရွေးပြီးတာနဲ့ Recover ကိုနှိပ်လိုက်ရင် မိနစ်အနည်းငယ်ကြာ Scann လုပ်နေတာကိုတွေ့ရမှာပါ။ ပြီးသွားရင် သင့်ရဲ့ Viber ထဲမှာ ဖျက်မိတဲ့ Conversation တွေကို ပြန်လည် မြင်ရမှာ ဖြစ်ပါတယ်။

viber-on-ios-recovery2

ကဲဒီလောက်ဆိုရင်သင့်အနေနဲ့ Viber ထဲက မှားယွင်းဖျက်မိတဲ့ စာတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို အလွယ်တကူ ပြန်လည်ရယူနိုင်ပြီဖြစ်ပါတယ်။ သင့်အနေနဲ့ Data Recovery လုပ်ရာမှာ ပိုမိုသေချာစေအောင် ပျက်သွားမှန်းသိတာနဲ့ အမြန်ဆုံး Recover လုပ်ဖို့လိုအပ်ပါတယ်။ သင့်အတွက်အဆင်ပြေတယ်ဆိုရင် သင့်သူငယ်ချင်းတွေသိအောင် လူမှုကွန်ယက်မှာ ပြန်လည်ဝေမျှနိုင်ပါတယ်။

Ref: http://www.iphonerecovery.com/

You may be interested

ကမ္ဘာ့ဈေးကွက်တွင်းသို့ ပိုမိုထိုးဖောက်ရန် စီစဉ်နေကြောင်း Vivo ထုတ်ပြန်ကြေညာ
FEATURES, HUBS, Mobile & Tablets
46 shares2 views

ကမ္ဘာ့ဈေးကွက်တွင်းသို့ ပိုမိုထိုးဖောက်ရန် စီစဉ်နေကြောင်း Vivo ထုတ်ပြန်ကြေညာ

Ko Thuya - Oct 21, 2017

ကမ္ဘာတစ်ဝှမ်းမှ ငယ်ရွယ်သူများ ကိုယ့်ကိုကိုယ် ထုတ်ဖော်ပြသနိုင်မှု ပိုမိုလာစေရန် ပြည့်စုံသည့် ထုတ်ကုန်ထုတ်လုပ်မှု စနစ်ဖြင့် ဈေးကွက်သစ်တွင်းသို့ ဝင်ရောက်တော့မည် ရှင်းကျန့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ၂၀၊ အောက်တိုဘာ၊ ၂၀၁၇ ကမ္ဘာ့စမတ်ဖုန်းအမှတ်တံဆိပ်များတွင် နုပျိုစွာဖြင့် ဦးဆောင်ပါဝင်နေသည့် Vivo သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင်…

Apple က iPhone 8 ရောင်းအား မကောင်း၍ ထုတ်လုပ်မှုကို ထက်ဝက် လျှော့ချ
Apple, HUBS, Mobiles & Tablets
31 shares9 views

Apple က iPhone 8 ရောင်းအား မကောင်း၍ ထုတ်လုပ်မှုကို ထက်ဝက် လျှော့ချ

Ko Thuya - Oct 21, 2017

Apple Fans များဟာ iPhone 8 အစား iPhone X ကို ၀ယ်ယူဖို့ စောင့်ဆိုင်းနေတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ iPhone 8 ရောင်းချတဲ့အချိန်မှာလည်း Apple Store များမှာ ကြိတ်ကြိတ်တိုး ၀ယ်ယူမှု နည်းပါးခဲ့ပါတယ်။ မကြာခင်ကလည်း iPhone…

Huawei က ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို လာမယ့်နှစ်မှာ ရောင်းမည်
Mobiles & Tablets, NEWS
272 shares31 views

Huawei က ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို လာမယ့်နှစ်မှာ ရောင်းမည်

Ko Thuya - Oct 21, 2017

Huawei ရဲ့ Consumer Business Group မှ စီအီးအို ဖြစ်သူ Richard Yu က Mate 10 စမတ်ဖုန်းများ မိတ်ဆက်ပွဲမှာ CNET နဲ့ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်တာဗျူးမှာ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းအချို့ကို…

Most from this category