0 Shares 29 Views

Windows 10 စနစ်နဲ့ ထွက်ရှိလာတဲ့ Dell ရဲ့ နာမည်ကျော် Venue 8 Pro တက်ဘလက်အသစ်

Jan 21, 2016
0 29

119201620745PM_635_dell_venue_8_pro_tablet

အမေရိကန်နည်းပညာကုမ္ပဏီ Dell ဟာ ကုမ္ပဏီရဲ့နာမည်ကျော် Venue 8 Pro 5000 စီးရီးရဲ့ နောက်ဆုံး မော်ဒယ်တစ်လုံးကို ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့က တရားဝင်ကြေငြာလိုက်ပါတယ်။

Dell Venue 8 Pro 5855 တက်ဘလက်မှာ နောက်ဆုံးပေါ် Windows 10 စနစ်ကို အသုံးပြုထားပြီး အရည်အသွေးမြင့် ရုပ်ထွက်တွေပေးစွမ်းနိုင်တဲ့ full-HD ဖန်သားပြင် နဲ့ SIM ကတ်ထည့်သုံးနိုင်မှုတို့ ပါဝင်လာပါတယ်။

၈ လက်မအရွယ်မျက်နှာပြင်၊ 2.24 GHz အထိမြန်နှုန်းရှိတဲ့ quad-core Intel Atom x5 ပရိုဆက်ဆာတို့ကို အသုံးပြုထားပြီး RAM 4GB ပါရှိပါတယ်။ စက်တွင်းသိုလှောင်နိုင်မှု 64 GB ပါရှိလာပြီး 128 GB အထိရှိတဲ့ microSD ကတ်ပါ ထပ်စိုက်နိုင်တာကြောင့် ဒေတာအများအပြားကို သိမ်းဆည်းနိုင်မှာပါ။

စွမ်းဆောင်ရည်ပိုင်းဦးစားပေးထားတဲ့ဖုန်းတစ်လုံးဖြစ်တာကြောင့် ကင်မရာကတော့ သိပ်အမြင့်စားကြီး မဟုတ်ဘဲ 5-megapxiel ရှိတဲ့ နောက်ကင်မရာနဲ့၊ 2-megapixel ရှိတဲ့ ရှေ့ကင်မရာသာ ပါဝင်ပါတယ်။

Venue 8 Pro 5855 မှာ USB Type-C အပေါက်ပါဝင်လာပြီး၊ ချိတ်ဆက်မှုအပိုင်းအနေနဲ့ Micro-SIM ကတ် ထည့်သုံးနိုင်သလို၊ Wife ၊ Bluetooth တို့နဲ့လည်းချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

Windows 10 စနစ်နဲ့ တက်ဘလက်ကောင်းကောင်းတစ်လုံးကို ကိုင်ချင်သူတွေအနေနဲ့ Dell ရဲ့ ၀က်ဆိုဒ်မှာ ဒေါ်လာ ၄၄၉ ( မြန်မာငွေ ၅ သိန်း ၈ သောင်းခန့်) နဲ့ ၀ယ်ယူနိုင်ပါတယ်။

Ref: Gadgets360

 

 

 

 

 

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
118 shares40 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Most from this category