Lumia စီးရီးရဲ့နောက်ဆုံးဖုန်း Lumia 650 ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ Microsoft ဖြန့်ချိဖွယ်ရှိ

Jan 21, 2016
0 8

Microsoft ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ Lumia နာမည်နဲ့နောက်ဆုံးဖုန်းဖြစ်တဲ့ Lumia 650 ကို ဖြန့်ချိဖို့ ပြင်ဆင်လျက်ရှိတယ်လို့သိရပါတယ်။

ဒီ Lumia 650 ဖုန်းကို ထုတ်ပြီးရင်၊ Microsoft ဟာ Windows 10 စနစ်သုံး Surface စီးရီးဖုန်းတွေကိုပဲ အာရုံစိုက်ထုတ်လုပ်သွားဖို့ ရှိပြီး Lumia နာမည်နဲ့နောက်ထပ်ဖုန်းထုတ်တော့မှာမဟုတ်ပါဘူး။

ထွက်ရှိနေတဲ့သတင်းတွေအရ Lumia 650 စမတ်ဖုန်းဟာ Windows 10 Mobile စနစ်ဖြစ်ပြီး ဖန်သားပြင် ၅ လက်မအရွယ်၊ နှစ်ကတ်ထိုးဖုန်းတစ်လုံးဖြစ်တယ်လို့သိရပါတယ်။ RAM 1GB နဲ့ အတွင်းပိုင်းဒေတာသိုလှောင်နိုင်မှု 8GB တို့ ပါရှိပြီး microSD ကတ် ထပ်စိုက်လို့ရမှာဖြစ်ပါတယ်။ LED flash မီးပါဝင်တဲ့ 8-megapixel နောက်ကင်မရာနဲ့၊ 5 megapixel ရှေ့ကင်မရာတို့ပါရှိမှာဖြစ်တယ်လို့ဆိုပါတယ်။

Lumia 650 ဖုန်းကို အဖြူရောင်နဲ့ အနက်ရောင်ဆိုပြီး နှစ်မျိုးရွေးချယ်ဝယ်ယူနိုင်ကာ၊ တန်ဖိုး မြန်မာငွေ ၂ သိန်းခွဲကျော်ကျသင့်မှာပါ။

နောက်ထပ်အတည်မပြုရသေးတဲ့သတင်းတွေအရ Intel ပရိုဆက်ဆာအသုံးပြုထားတဲ့ ပထမဆုံး Surface စမတ်ဖုန်းနဲ့ Lumia 650 တို့ကို မကြာမီအချိန်အတွင်း Microsoft ရဲ့ တရားဝင်ဘလော့ဂ်မှာ တင်ကာ ကြေငြာသွားဖို့ရှိတယ်လို့လည်းသိရပါတယ်။

Ref: Gadgets360

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
137 shares47 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Most from this category