မောင်းသူမဲ့ကား ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ Apple

ပြီးခဲ့တဲ့ သောကြာနေ့က ဖော်ပြခဲ့တဲ့ New York Times သတင်းစာကြီးရဲ့ သတင်းတစ်ရပ်အရ Apple ဟာ ကိုယ်ပိုင် အလိုအလျောက်မောင်းနှင်စနစ်သုံးကားကို ထုတ်လုပ်ဖို့အတွက် အလုပ်သမားဒါဇင်များစွာကို အသုံးပြုဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒါဟာဆိုရင် ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ Google ရဲ့ မောင်းသူမဲ့ကား ထုတ်လုပ်အောင်မြင်တော့မယ့် အချိန်မှာ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

Apple ဟာ စမတ်ကားပရောဂျက်နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို တစ်ခါမှ ထုတ်ဖော်ခဲ့ခြင်းမရှိပဲ ထိပ်တန်းလျို့ဝှက်ချက်အနေနဲ့ ထားရှိထားခဲ့တာပါ။ ဒါပေမယ့် ပေါက်ကြားလာတဲ့ သတင်းအချက်အလက်တွေအရ iPhone ထုတ်လုပ်လုပ်သူအနေနဲ့ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဒီကားနဲ့ ပတ်သက်ပြီး သတင်းတွေထွက်ပေါ်ခဲ့ဖူးတာ ဖြစ်ပါတယ်။

apple-self-driving-car-project2

သတင်းတွေအရ Apple ဟာ Tesla နဲ့ EV ဘက်ထရီလို ကုမ္ပဏီတွေက အလုပ်သမားတွေနဲ့လည်း ကားကိုထုတ်လုပ်ဖို့အတွက် အင်အားဖြည့်တင်းနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် NYT ရဲ့သတင်းတွေအရ Apple ဟာ စမတ်ကားပရောဂျက်နဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစားရမယ့် အဓိကပေါ်လစီတွေရှိနေသေးတယ်လို့ သိရပါတယ်။

Bloomberg ရဲ့ အစောပိုင်းသတင်းအရ Apple ဟာ Self-Driving ကားနည်းပညာကို အာရုံစူးစိုက်နေပြီး NYT ရဲ့ သတင်းကလည်း ဒီအပေါ်ကို အတည်ပြုခဲ့ကာ Apple အနေနဲ့ ဒီကားပရောဂျက်အတွက် အလုပ်သမားတွေကို အသုံးပြုနေပြီ ဖြစ်တယ်လို့ တူညီတဲ့သဘောနဲ့ ရေးသားထားခဲ့ပါတယ်။

Ref: Fortune, TechWorm, NYT

%d bloggers like this: