Mark Zuckerberg ရဲ့ လုံခြုံရေးနဲ့ ခရီးသွားစားရိတ်အတွက် ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၂၇ သန်း သုံးစွဲခဲ့

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီတွေထဲက ၁ ခုရဲ့ CEO အတွက် လုံခြုံရေးနဲ့ ခရီးသွားစားရိတ်တွေဟာ မသေးလှပါဘူး။ Securities and Exchange Commission က ဒေတာတွေအရ Mark Zuckerberg နဲ့ မိသားစုရဲ့ လုံခြုံရေးနဲ့ လေယာဉ် ခရီးသွားစားရိတ်ဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၂၇ သန်း ရှိပါတယ်။

Meta spent over $27 million on Mark Zuckerberg's security and travel in 2021.

နည်းပညာ ဘီလီယမ်နာ Mark Zuckerberg ရဲ့ လုံခြုံရေးနဲ့ ခရီးသွားစားရိတ်ဟာ ၂၀၂၁ ခုနှစ်မှာ အရင်နှစ်တွေကထက် များပြားလာပါတယ်။ ၂၀၂၀ ခုနှစ်မှာ ဒေါ်လာ ၂၅.၂ သန်းနဲ့ ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၂၃.၄ သန်းပဲ ရှိခဲ့ပါတယ်။

Meta spent over $27 million on Mark Zuckerberg's security and travel in 2021.

အဲဒီ လုံခြုံရေး အသုံးစားရိတ်တွေထဲမှာ Mark Zuckerberg အပြင် ဇနီး Priscilla Chan ၊ ကလေး ၂ ယောက် ဖြစ်တဲ့ အသက် ၆ နှစ်အရွယ် Maxima နဲ့ အသက် ၅ နှစ်အရွယ် August တို့ အတွက်လည်း ပါဝင်ပါတယ်။

ဒေါ်လာ ၂၇ သန်းထဲက ၁၅.၁ သန်းကို Mark Zuckerberg ရဲ့ လုံခြုံရေးနဲ့ ခရီးသွားစားရိတ်အတွက် အသုံးပြုခဲ့ပြီး သူ့ မိသားစု လုံခြုံရေးအတွက် ဒေါ်လာ ၁၀ သန်း အသုံးပြုခဲ့ပါတယ်။ ဒေါ်လာ ၁.၆ သန်းကို လေယာဉ်နဲ့ ခရီးသွားစားရိတ်အတွက် သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

Ref : gistpaper

 

%d bloggers like this: