လန်ဒန် ကနေ နယူးယောက်ကို မိနစ် ၈၀ နဲ့ ပျံသန်းနိုင်တဲ့ အသံထက်မြန်တဲ့ လေယာဉ်

လန်ဒန်ကနေ နယူးယောက်ကို မိနစ် ၈၀ နဲ့ ပျံသန်းနိုင်ပြီး အသံထက် ၃ ဆ မြန်တဲ့ လေယာဉ် ဒီဇိုင်းအသစ်ကို ဖန်တီးလိုက်ပါတယ်။ ၃၂၈ ပေ အရှည်ရှိတဲ့ Hyper Sting Supersonic လေယာဉ်ဟာ ခရီးသည် ၁၃၀ ကနေ ၁၇၀ အကြား သယ်ဆောင်နိုင်ပြီး သီအိုရီအရ တစ်နာရီကို ၂,၆၆၄ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။

This supersonic plane could get from London to New York in 80 minutes | Metro News

နှိုင်းယှဉ်ရရင် Concorde ရဲ့ အမြန်ဆုံး လေယာဉ်ဟာ တစ်နာရီကို ၁,၃၅၄ မိုင်အထိပဲ ပျံသန်းနိုင်ပါတယ်။

New plane could fly London to New York in 80 minutes at'three times speed of sound' - Mirror Online

စပိန် ဒီဇိုင်နာ Oscar Vinals က Hyper Sting ဒီဇိုင်းကို ဖန်တီးထားတာ ဖြစ်ပြီး သူ့လေယာဉ်ဟာ အသံထက် ၃ ဆမြန်တယ်လို့ ပြောပါတယ်။ သူက Cold Fusion Nuclear Reactor လို ထူးခြားဆန်းသစ်တဲ့ စနစ်တွေကြောင့် Mach 3.5 စွမ်းရည်ကို ရရှိတာလို့ ပြောပါတယ်။

လေယာဉ်မှာ Ramjet အင်ဂျင် ၂ လုံးနဲ့ နောက်မျိုးဆက် Hybrid Turbojet ၄ လုံး တပ်ဆင်ထားပါတယ်။ Oscar က Hyper Sting ကို ၂၀၃၀ ခုနှစ်ကျော်မှ ထုတ်လုပ်နိုင်မယ်လို့ ပြောပါတယ်။ ကုန်ကျစားရိတ်ကလည်း ကြီးမားမှာ ဖြစ်ပါတယ်။ Cold Fusion Reactor လို ထူးခြားဆန်းသစ်တဲ့ စနစ်တွေကြောင့် တည်ဆောက်ဖို့ အခုလို ကြာမြင့်တာ ဖြစ်ပါတယ်။

Ref : mirror.co.uk

%d bloggers like this: