Elon Musk က Optimus လူတူ စက်ရုပ်ကို ပြသ

Elon Musk က ၁ နှစ်အကြာက လူတူ စက်ရုပ်ကို Tesla က ဖန်တီးနေတဲ့အကြောင်းပြောခဲ့ပါတယ်။ ၁၃ လကြာပြီးနောက် Tesla AI Day မှာ အဲဒီ စက်ရုပ်ကို ပြသလိုက်ပါတယ်။ Elon Musk က Optimus မှာ ဉာဏ်ရည်တု နည်းပညာ ပါပြီး အလုပ်တွေ လုပ်နိုင်ပါတယ်လို့ ပြောပါတယ်။  စက်ရုပ်ဟာ လေ့ကျင့်ပေးစရာ မလိုဘဲ လူသားတွေအနားမှာ အလုပ်လုပ်နိုင်ပါတယ်။

Optimus ဟာ အသံအမိန့်တွေကို နားလည်နိုင်ပြီး Musk က လူရဲ့ လက်တွေလောက်ကို စွမ်းဆောင်နိုင်တယ်လို့ ပြောပါတယ်။ တစ်နာရီကို ၅ မိုင်နှုန်းနဲ့ လမ်းလျှောက်နိုင်ပြီး ၄၅ ပေါင် အလေးချိန်ကို သယ်ဆောင်နိုင်ပါတယ်။ စက်ရုပ်ဟာ ၆ ပေ အမြင့် ရှိပြီး ၁၂၅ ပေါင် အလေးချိန် ရှိပါတယ်။

Tesla bot

Tesla AI Day မှာ စက်ရုပ်ဟာ အကူအညီ မလိုဘဲ လမ်းလျှောက်နိုင်တာကို မြင်ရပါတယ်။ Musk က စက်ရုပ်ဟာ လက်ရှိမှာ လမ်းကောင်းကောင်း မလျှောက်နိုင်သေးဘဲ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း လမ်းကောင်းကောင်းလျှောက်နိုင်မယ်လို့ ပြောပါတယ်။

Musk က “ ကျွန်တော်တို့ ရည်မှန်းချက်က အသုံးဝင်တဲ့ လူတူစက်ရုပ်ကို အမြန်ဆုံး တည်ဆောက်နိုင်ဖို့ပါ။ ကားတွေကို ဒီဇိုင်းထုတ်တဲ့ နည်းလမ်းအတိုင်း စက်ရုပ်ကို ဖန်တီးထားပါတယ်။ စက်ရုပ်ကို အမြောက်အများ ထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး ဒေါ်လာ ၂၀,၀၀၀ အောက်ပဲ ကုန်ကျမှာပါ။ “ လို့ ပြောပါတယ်။

Ref : gizchina

%d bloggers like this: