ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး Adani က သန့်စင်တဲ့ စွမ်းအင်ကို သုံးဖို့ ဒေါ်လာ ၁၀၀ ဘီလီယမ် ရင်းနှီးမြှပ်နှံမည်

ကမ္ဘာ့ အချမ်းသာဆုံး လူပုဂ္ဂိုလ်လို့ ပြောရင် Elon Musk ကိုပဲပြေးမြင်ကြမှာပါ။ ဒါပေမယ့် ကမ္ဘာ့ အချမ်းသာဆုံး စာရင်းမှာ တခြား စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေလည်း ရှိပါသေးတယ်။ အိန္ဒိယက Gautam Adani ဟာ ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး ဖြစ်ပြီး Adani Group ရဲ့ အမှုဆောင်ချုပ် ဖြစ်ပါတယ်။ Forbes Global CEO Conference မှာ သူက သန့်စင်တဲ့ စွမ်းအင်ကို သုံးဖို့ သူ့ ကုမ္ပဏီက အများကြီး ရင်းနှီးမြှပ်နှံမယ်လို့ ပြောပါတယ်။

Adani

Adani က လာမယ့် ၁၀ နှစ်အတွင်း သန့်စင်တဲ့ စွမ်းအင်ကို သုံးဖို့ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ရင်းနှီးမြှပ်နှံမယ်လို့ ပြောပါတယ်။ ဟိုက်ဒရိုဂျင်ကို အသုံးပြုပြီး သန့်စင်တဲ့စွမ်းအင်ကို ထုတ်လုပ်မှာပါ။ Adani Group ဟာ ကမ္ဘာ့ အကြီးမားဆုံး Solar Developer လည်း ဖြစ်ပါတယ်။

Gautam Adani: How Asia's richest person gave Bezos a run for his money

Adani Group ဟာ 45 GW Hybrid ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင် ပမာဏကို ထုတ်လုပ်မှာ ဖြစ်ပြီး Solar Panel တွေ ထုတ်လုပ်ဖို့ 3 Gigawatt စက်ရုံတွေကို တည်ဆောက်မှာပါ။ ကုမ္ပဏီဟာ လေရဟတ်တွေနဲ့ ဟိုက်ဒရိုဂျင် Electrolyzers တွေကို တည်ဆောက်မှာပါ။ Adania က သူ့ ကုမ္ပဏီဟာ လက်ရှိမှာ ပြန်လည် ဖြည့်တင်းနိုင်တဲ့ စွမ်းအင် ပမာဏ 20 Giga Watts ကို ထုတ်လုပ်နိုင်တယ်လို့ ပြောပါတယ်။ ဆက်လက်ပြီး ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင် ပမာဏ 45 Giga Watts ကို ထုတ်လုပ်မှာပါ။ ဒီလိုထုတ်လုပ်ဖို့ ၁၀၀,၀၀၀ ဟက်တာ အကျယ်အဝန်း မြေကို အသုံးပြုမှာ ဖြစ်ပြီး ဒါဟာ စင်ကာပူ နိုင်ငံ အရွယ်အစားရဲ့ ၁.၄ ဆ ရှိပါတယ်။

သူရဲ့ ရည်မှန်းချက်က ဈေးအချိုဆုံး သန့်စင်တဲ့ လျှပ်စစ် စွမ်းအင်နဲ့ သန့်စင်တဲ့ ဟိုက်ဒရိုဂျင် ထုတ်လုပ်သူတွေထဲက ၁ ခု ဖြစ်ဖို့ပါ။ ကုမ္ပဏီက အိန္ဒိယဟာ သန့်စင်တဲ့ စွမ်းအင်ကို ကြီးကြီးမားမား ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်ချင်နေပါတယ်။

Ref : gizchina

%d bloggers like this: