သိန်း ၈ ထောင်တန် ကမ္ဘာ့ ပထမဆုံး မိုးပျံဆိုင်ကယ်

မိုးပျံကားတွေ၊ မိုးပျံ လူတွေကို တွေ့မြင်ခဲ့ကြဖူးပါပြီ။ ဒီတစ်ခါတော့ မိုးပျံ မော်တော်ဆိုင်ကယ် ဖြစ်ပါတယ်။ Jetpack Aviation က မိုးပျံ မော်တော်ဆိုင်ကယ် နမူနာမော်ဒယ်ကို အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ Speeder လို့ နာမည်ပေးထားပြီး ကုမ္ပဏီက မတူညီတဲ့ မော်ဒယ် ၂ ခု ထုတ်လုပ်ရောင်းချဖို့ စီစဉ်ထားပါတယ်။

JetPack Aviation's Recreational Speeder Flying Motorcycle Will Go On Sale by 2023 – COOL HUNTING®

Jetpack Aviation ဟာ Speeder အတွက် ကိုယ်ပိုင် Flight-control Software ကို ၁ နှစ်ခွဲကြာအောင် အချိန်ယူရေးသားထားပြီး ပျံသန်းတဲ့အခါ တည်ငြိမ်မှုရအောင် အလိုအလျှောက် ထိန်းချုပ်ပေးနိုင်ပါတယ်။ Speeder ဟာ မြေပြင်ကနေ ဝေဟင်နဲ့ ဝေဟင်ကနေ မြေပြင်ကို ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်ပါတယ်။ မညီညာတဲ့ မြေပြင်မှာတောင် အတက်၊ အဆင်း ပြုလုပ်နိုင်ပြီး ကားတစ်စီး အရွယ်အစား ရှိတဲ့ မြေနေရာရှိရင် အဆင်ပြေပါတယ်။ အလိုအလျှောက် ပျံသန်းနိုင်တဲ့ နည်းပညာလည်း ထည့်သွင်းနိုင်ပါတယ်။

How a jetpack design helped create a flying motorbike - BBC News

“ ပိုင်းလော့ လိုင်စင် မလိုတဲ့ Ultralight Version ကို ၂ နှစ်အတွင်း ဖန်တီးနိုင်ပြီး အဲဒီနောက်မှာ စမ်းသပ်ပျံသန်းမှုကို ၆ လအတွင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Ultralight Version ရဲ့ အမြန်နှုန်းကို တစ်နာရီမိုင် ၆၀ ကန့်သတ်ထားပြီး ၁၅ မိနစ်ကြာ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ စွမ်းရည်မြင့် မော်ဒယ်အတွက် ပိုင်းလော့ လိုင်စင် လိုအပ်မှာ ဖြစ်ပြီး တစ်နာရီမိုင် ၂၅၀ နှုန်းရှိကာ ၃၅ မိနစ်ကြာ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ “ လို့ Jetpack Aviation CEO David Mayman က ပြောပါတယ်။

ကုမ္ပဏီက Speeder  Consumer Version အတွက် ဒေါ်လာ ၃၈၁,၀၀၀ သတ်မှတ်ထားပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ သိန်း ၈ ထောင်ကျော် ကျသင့်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ကြိုတင်မှာယူမှုတွေ လက်ခံနေပြီ ဖြစ်ပါတယ်။

Ref : robbreport

%d bloggers like this: