Android ဆီက ခိုးထားတဲ့ iPhone 14 ရဲ့ လုပ်ဆောင်ချက် ၅ ခု

Apple ဟာ မကြာခင်က iPhone 14 Series ကို ကြေညာခဲ့ပြီး Android ဆီက ခိုးထားတဲ့ လုပ်ဆောင်ချက်တွေ ပါလာတာတွေ့ရပါတယ်။

Dynamic Island – LG V10

Examples of how the iPhone 14 Pro's Dynamic Island screen cut out can be useful

Apple က iPhone 14 Pro နဲ့ Pro Max မှာ Dynamic Island ကို မိတ်ဆက်ခဲ့ပြီး ထူးခြားဆန်းသစ်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ LG က အလားတူ လုပ်ဆောင်ချက်မျိုးကို LG V10 မှာ ထည့်ပေးထားပါတယ်။ LG ရဲ့ လုပ်ဆောင်ချက်က Second Screen ဖြစ်ပြီး Notification ကြည့်တာ၊ Contact အတွက် Shortcut တွေ သတ်မှတ်တာ၊ သီချင်းတွေ ထိန်းချုပ်တာတွေကို ပင်မ မျက်နှာပြင်ကို သုံးစရာ မလိုဘဲ ပြုလုပ်နိုင်ပါတယ်။

LG V10 Second Screen settings

Apple ရဲ့ Dynamic Island နဲ့ LG ရဲ့ Second Screen ဟာ လုံးဝ ထပ်တူ မကျပေမယ့် Apple ဟာ LG ဆီက အတုခိုးထားတာပါ။

Punch Hole ဆဲလ်ဖီး ကင်မရာ

The hole-punch display cut out on the iPhone 14 Pro

Apple ဟာ iPhone 14 Pro နဲ့ Pro Max မှာ Notch အစား Punch Hole ဆဲလ်ဖီး ကင်မရာကို ထည့်သွင်းထားပါတယ်။ Android တွေမှာ Punch Hole ကို သုံးနေတာ ကြာနေပြီ ဖြစ်ပြီး Huawei က Nova 4 မှာ အရင်ဆုံး မိတ်ဆက်ခဲ့တာပါ။

Always-on Display

Always-on Display on iPhone 14 Pro

Apple က iPhone 14 Pro နဲ့ Pro Max  မှာ Always-on Display ကို မိတ်ဆက်လိုက်ပေမယ့် Android တွေမှာ AOD လုပ်ဆောင်ချက် ရနေတာ ကြာနေပါပြီ။

Dynamic Refresh Rate

Motorola edge+ (2022)

Android မှာ လျှင်မြန်တဲ့ Refresh Rate နဲ့ Dynamic Refresh Rate ရနေတာ ကြာပြီ ဖြစ်ပြီး Apple ရဲ့ 14 Pro Series မှာ အခုမှရတာ ဖြစ်ပါတယ်။

Car Crash Detection

Car crash detection on a Google Pixel 4 XL

Google က ၂၀၂၀ ခုနှစ်မှာ Pixel ဖုန်းတွေအတွက် Car Crash Detection ကို အရင်ဆုံး ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ Apple အခုမှသာ iPhone 14 Series မှာ အဲဒီလုပ်ဆောင်ချက်ကို ထည့်ပေးနိုင်တာပါ။

Ref : androidcentral

%d bloggers like this: