အားသွင်းစရာ မလိုဘဲ ၇ လလောက် မောင်းနှင်နိုင်တဲ့ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကား

လျှပ်စစ်ကား ကုမ္ပဏီ Lightyear က ထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကားကို ပြသလိုက်ပါတယ်။ ဒေါ်လာ ၂၅၄,၀၀၀ သတ်မှတ်ထားပြီး အားသွင်းစရာ မလိုဘဲ ၇ လလောက် မောင်းနှင်နိုင်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။

အဲဒီ မော်ဒယ်ဟာ တန်ဖိုးကြီးမားတဲ့အတွက် ကုမ္ပဏီက ဒေါ်လာ ၃၀,၀၀၀ လောက်တန်ကြေးရှိတဲ့ မော်ဒယ်ကို ၂၀၂၄ သို့မဟုတ် ၂၀၂၅ ခုနှစ်မှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။

၆ နှစ်လောက်အချိန်ယူကာ အဲဒီကားကို ဖန်တီးထားတာ ဖြစ်ပြီး အခုတော့ ထုတ်လုပ်ရောင်းချဖို့ အဆင်သင့် ဖြစ်ပြီ ဖြစ်တဲ့ Lightyear 0 ကို ကြေညာလိုက်တာပါ။ စွမ်းအင် စားသုံးမှု သက်သာအောင် အဲဒီကားကို တည်ဆောက်ထားတာပါ။

ကားအပြင်ဘက်မှာ ၅၃ စတုရန်း ပေ ရှိတဲ့ Solar Cell တွေ တပ်ဆင်ထားပြီး တစ်ရက်ကို ၄၄ မိုင်မောင်းနှင်နိုင်ပါတယ်။ တိမ်ထူတဲ့ နယ်သာလန်လို နိုင်ငံမှာဆိုရင် တစ်ရက်ကို ၂၂ မိုင်မောင်းနှင်နိုင်ပြီး ၂ လလောက် အားသွင်းဖို့ မလိုပါဘူး။ စပိန်လို နေသာတဲ့ နိုင်ငံမှာဆိုရင် ၇ လလောက် အားမသွင်းဘဲ မောင်းနှင်နိုင်ပါတယ်။

Ref : bigthink

%d bloggers like this: