တောင်ကိုရီးယားက Privacy ဥပဒေ ချိုးဖောက်မှုကြောင့် Google နဲ့ Meta ကို ဒေါ်လာ ၇၂ သန်း ဒဏ်ရိုက်

တောင်ကိုရီးယား Personal Information Protection Commission (PIPC) က Privacy ဥပဒေ ချိုးဖောက်မှုကြောင့် Google နဲ့ Meta ကို စုစုပေါင်း တောင်ကိုရီးယား ဝမ် ၁၀၀ ဘီလီယမ် ဒဏ်ရိုက်လိုက်ပါတယ်။ ဒါဟာ တောင်ကိုရီးယားမှာ အများဆုံး ဒဏ်ငွေရိုက်လိုက်တာ ဖြစ်ပြီး User တွေရဲ့ အပြုအမူ သတင်းအချက်အလက်တွေကို ကောက်ယူစုဆောင်းလို့ ဖြစ်ပါတယ်။

South Korea hits Google and Meta with $72 million in fines over privacy law violations - GSMArena.com news

Google ကို ဝမ် ၆၉.၂ ဘီလီယမ် ( ဒေါ်လာ သန်း ၅၀ ဝန်းကျင်)နဲ့ Meta ကို ဝမ် ၃၀.၈ ဘီလီယမ် ( ဒေါ်လာ ၂၂ သန်းဝန်းကျင်) ဒဏ်ရိုက်လိုက်တာပါ။ ကုမ္ပဏီ ၂ ခုဟာ User တွေကို အသိပေးခြင်း မရှိဘဲ ဝက်ဘ်ဆိုက်နဲ့ App တွေကနေ သတင်းအချက်အလက်တွေ ကောက်ယူတယ်လို့ စွပ်စွဲထားပါတယ်။

South Korea Fines Google, Meta $72m for Privacy Violations

PIPC က Google ဟာ User တွေကို အသိပေးခြင်း မရှိဘဲ အပြုအမူ ဒေတာတွေကို စုဆောင်းတယ်လို့ ပြောပါတယ်။ Meta က မေလမှာ ကိုရီးယား User တွေကို Privacy မူဝါဒ အသစ်ကို လက်ခံဖို့ ပြောကြားခဲ့ပြီး လက်မခံရင် သူတို့ရဲ့ Facebook နဲ့ Instagram အကောင့်တွေ ဩဂုတ်လ ၉ ရက်နေ့မှာ ဆုံးရှုံးမယ်လို့ အသိပေးခဲ့ပါတယ်။

ဒဏ်ငွေအပြင် Google နဲ့ Meta တို့ဟာ ကိုရီးယား Privacy ဥပဒေအတိုင်း User တွေကို အသိပေးဖို့ ညွှန်ကြားထားပါတယ်။

Ref : gsmarena

%d bloggers like this: