သုတေသနပညာရှင်တွေက ရေကို လောင်စာဆီ အဖြစ် ပြောင်းလဲနိုင်တဲ့ နည်းပညာကို ဖန်တီး

သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်တဲ့ လောင်စာဆီတွေကို အစားထိုးနိုင်မယ့် နည်းလမ်းတွေကို ပညာရှင်တွေက ရှာဖွေနေကြပါတယ်။

Catalytic sample.

အခုတော့ ဖင်လန် Oulu တက္ကသိုလ်က  Nano and Molecular Systems Research Unit (NANOMO) မှ သုတေသနပညာရှင်တွေက ရေကို လောင်စာဆီ အဖြစ် ပြောင်းလဲပေးနိုင်တဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပါတယ်။ နေအလင်းရောင်ကို အသုံးပြုကာ ရေကို အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင် အဖြစ် ခွဲခြားပေးကာ အဲဒီကနေ ဟိုက်ဒရိုဂျင်ကို ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။

Researchers develop a cost-effective way to transform water into fuel - Inceptive Mind

သုတေသန ပညာရှင်တွေထဲက ပါမောက္ခ ဖြစ်သူ Harishchandra Singh က “ ဆိုလာ ရေ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းလမ်းဟာ ဆိုလာ စွမ်းအင်ကို ဟိုက်ဒရိုဂျင် လောင်စာဆီ အဖြစ် ပြောင်းလဲပေးပါတယ်။ ဆိုလာလို ကာဘွန် မဟုတ်တဲ့ ပြန်လည်ဖြည့်တင်းနိုင်တဲ့ အရင်းအမြစ်ကို အသုံးပြုထားတဲ့အတွက် ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုဟာ ပြန်လည် ဖြည့်တင်းနိုင်တဲ့ အရင်းအမြစ် ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : inceptivemind

%d bloggers like this: