Elon Musk က SpaceX ဟာ ကာဘွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး ဒုံးပျံလောင်စာဆီ အဖြစ် ပြောင်းလဲမယ်လို့ ပြော

SpaceX ဟာ လေကနေ ဒုံးပျံလောင်စာဆီကို ပြောင်းလဲနိုင်မယ့် နည်းပညာကို ဖန်တီးနေပါတယ်။

SpaceX's Elon Musk admits: We will'probably smash a bunch' of rockets trying to land humans on moon - Yellowhammer News

SpaceX CEO Elon Musk က “ SpaceX ဟာ လေထဲက ကာဘွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး ဒုံးပျံ လောင်စာဆီအဖြစ် ပြောင်းလဲမယ့် စီမံကိန်းကို စတင်နေပါပြီ။ ဒီနည်းပညာဟာ အင်္ဂဂြိုလ်ကို လူသားတွေ အခြေချဖို့အတွက်လည်း အရေးကြီးပါတယ်။ “ လို့ တွစ်တာမှာ ရေးသားထားပါတယ်။

Elon Musk's SpaceX Now Worth $74 Billion After Latest Fundraising Round: Report

SpaceX ရဲ့ Falcon 9 ဒုံးပျံဟာ လွှတ်တင်ချိန်မှာ ကာဘွန်ဒိုင်အောက်ဆိုက် များစွာကို ထုတ်လွှတ်တဲ့အတွက် SpaceX က အဲဒီ ကာဘွန်ဒိုင်အောက်ဆိုက်တွေကို ပြန်လည် အသုံးပြုမယ်ဆိုတာ ဝမ်းသာစရာ သတင်း ဖြစ်ပါတယ်။

လေထဲက ကာဘွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူတဲ့ နည်းပညာကို Direct Air Capture (DAC) လို့ အမည်ပေးထားပြီး SpaceX ဟာ ကာဘွန်ဒိုင်အောက်ဆိုက် တန်ပေါင်း ထောင်ဂဏန်းကို စုပ်ယူနိုင်ပြီး လောင်စာဆီ အဖြစ် ပြောင်းလဲနိုင်မယ်လို့ Bloomberg က ပြောပါတယ်။

Musk ဟာ ဒီနှစ် အစောပိုင်းက ကာဘွန် ဖယ်ရှားနိုင်တဲ့ နည်းပညာ တီထွင်နိုင်သူကို ဒေါ်လာ သန်း ၁၀၀ ဆုချီးမြှင့်မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ နှစ်စဉ် လေထုထဲက ကာဘွန် တန် ၁,၀၀၀ ကို ဖယ်ရှားဖို့ ရည်ရွယ်ထားပါတယ်။

Ref : futurism

%d bloggers like this: