ကနေဒါက ဂျက်လေယာဉ်ထက် ပိုမြန်တဲ့ ရထား-လေယာဉ် ၂ မျိုးစပ် ယာဉ်ကို တည်ဆောက်မည်

ကနေဒါ နိုင်ငံ တိုရွန်တို အခြေစိုက် TransPod က ရထားနဲ့ လေယာဉ်ကို ပေါင်းစပ်ထားပြီး လျှပ်စစ် စွမ်းအင်ကို အသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေး စနစ် ဖြစ်တဲ့ FluxJet စီမံကိန်းကို မကြာခင်က ကြေညာလိုက်ပါတယ်။ အဲဒီ ယာဉ်ဟာ ၈၂ ပေ ရှည်လျားပြီး တစ်နာရီကို ၆၂၁ မိုင်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။

စီးပွားဖြစ် သယ်ယူပို့ဆောင်ရေး ဂျက်လေယာဉ်တွေထက် ပိုမြန်ပြီး မြန်နှုန်းမြင့် ရထားတွေထက် ၃ ဆ ပိုမြန်ပါတယ်။ လျှပ်စစ်စွမ်းအင်ကို သုံးထားတဲ့အတွက် ကာဘွန် ထုတ်လုပ်မှု မရှိပါဘူး။ ကုမ္ပဏီက FluxJet ဟာ သံလိုက်စက်ကွင်းကနေ လျှပ်စစ် Grid တွေဆီက စွမ်းအင်ကို ရယူ အသုံးပြုမယ်လို့ ပြောပါတယ်။

Fluxjet

ပွတ်တိုက်မှုကို လျှော့ချပေးဖို့ Aerodynamic ဒီဇိုင်းကို အသုံးပြုထားပါတယ်။ FluxJet ရဲ့ သယ်ယူပို့ဆောင်ရေး စားရိတ်က လေယာဉ်တွေထက် ၄၄ ရာခိုင်နှုန်း နည်းပါးမှာပါ။ အဲဒီ ယာဉ်ကို Tube ထဲမှာ မောင်းနှင်မှာ ဖြစ်ပြီး ကုမ္ပဏီက ကနေဒါ မြို့တွေဖြစ်တဲ့ Edmonton နဲ့ Calgary အကြားမှာ မိုင် ၂၀၀ ရှည်တဲ့ Tube ကို တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

FluxJet ဟာ ခရီးသည် ၅၄ ယောက်နဲ့ ကုန်ပစ္စည်း ၁၀ တန်ကို သယ်ဆောင်နိုင်မှာ ဖြစ်ပြီး ဘူတာကနေ ၂ မိနစ် ၁ ကြိမ်ထွက်ခွာမှာပါ။ ၁၇၅ မိုင် အကွာအဝေး ရှိတဲ့ အဲဒီ မြို့ ၂ မြို့ကို ၄၅ မိနစ်အတွင်း ပို့ဆောင်ပေးနိုင်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Ref : cnbc

%d bloggers like this: