Steve Jobs သမီးကတောင် iPhone 14 ကို လှောင်ပြောင်

Apple က iPhone 14 Series ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပြီး iPhone 14 နဲ့ 14 Plus မှာ တိုးတက်မှုတွေ အနည်းငယ်ပဲပါလာပါတယ်။ အဲဒီဖုန်းတွေမှာ အရင်နှစ်က Processor ၊ ကြီးမားတဲ့ Notch နဲ့ 12MP Main ကင်မရာတွေ ထည့်သွင်းထားပါတယ်။

မိတ်ဆက်ပွဲပြီးနောက်မှာ Steve Jobs ရဲ့ သမီး Eve က iPhone 14 ကို လှောင်ပြောင်ခဲ့ပါတယ်။ သူမက အင်စတာဂရမ်မှာ iPhone 14 ကို လှောင်ပြောင်တဲ့ Meme ၁ ခုကို မျှဝေထားပါတယ်။

Eve Jobs iPhone 14 meme instagram

ပို့စ်မှာ Apple မိတ်ဆက်ပွဲပြီးနောက်မှာ ကျွန်တော်ဟာ iPhone 13 ကနေ iPhone 14 ကို ပြောင်းကိုင်ခဲ့ပါတယ်လို့ ရေးသားထားပြီး ဓါတ်ပုံမှာ အမျိုးသား တစ်ယောက်ဟာ လက်ရှိဝတ်ထားတဲ့ အင်္ကျီနဲ့ တစ်ထပ်ထဲ တူတဲ့ အင်္ကျီ တစ်ထည်ကို လက်က ကိုင်ထားပါတယ်။ သဘောက iPhone 13 နဲ့ 14 ဟာ ဘာမှ မကွာဘူးလို့ ဆိုလိုတာပါ။

Steve Jobs' Daughter Eve Shared Meme That Mocks iPhone 14 - TopTekNews

Apple ဟာ 14 Pro မော်ဒယ်တွေမှာပဲ A16 Chip အသစ်၊ Punch Hole နဲ့ 48MP Main ကင်မရာတွေ ထည့်သွင်းထားပြီး 14 မော်ဒယ်တွေမှာ အရင်နှစ်က A15 Chip ကို သုံးထားပါတယ်။ အဲဒီအတွက် 14 မော်ဒယ်တွေမှာ သိသိသာသာ တိုးတက်မှု မပါလာပါဘူး။

Ref : androidauthority

%d bloggers like this: