မောင်းသူမဲ့ နည်းပညာ ပါတဲ့ Xiaomi ရဲ့ ပထမဆုံး လျှပ်စစ်ကားကို ၂၀၂၄ ခုနှစ်မှာ ရောင်းချနိုင်

Xiaomi ဟာ မောင်းသူမဲ့ နည်းပညာ ပါတဲ့ ပထမဆုံး လျှပ်စစ်ကားကို ၂၀၂၄ ခုနှစ်မှာ ရောင်းချနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ တံခါး ၄ ပေါက်ပါတဲ့ ကား ဖြစ်ပြီး ကုမ္ပဏီရဲ့ ကိုယ်ပိုင် မောင်းသူမဲ့ နည်းပညာ ပါလာမှာပါ။ ကုမ္ပဏီဟာ အဲဒီကားကို တရုတ်က ကိုယ်ပိုင် စက်ရုံကနေ ထုတ်လုပ်မှာပါ။

Xiaomi EV

အရင်ကတော့ Xiaomi ဟာ ကားထုတ်လုပ်ဖို့ BAIC နဲ့ ပူးပေါင်းဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် မအောင်မြင်တဲ့အတွက် Xiaomi က ကိုယ်တိုင် ထုတ်လုပ်တော့မှာပါ။ Xiaomi ရဲ့ ကားစက်ရုံဟာ တရုတ်က Yizhuang မှာ တည်ရှိပြီး ကားတန်ဖိုးက ၁၅၀,၀၀၀ ယွမ် ( ဒေါ်လာ ၂၁,၆၅၅) ဝန်းကျင် ရှိမှာပါ။

New details on Xiaomi's first electric car: to come in 2024

Xiaomi Pilot လို့ ခေါ်တဲ့ မောင်းသူမဲ့ ကားနည်းပညာကို အဲဒီကားမှာ ထည့်သွင်းထားမှာ ဖြစ်ပြီး LIDAR ကို အခြေခံထားကာ Xiaomi ရဲ့ AT128 Hybrid Solid-state Radar စနစ် ပါလာမှာပါ။

Xiaomi က မောင်းနှင်နိုင်တဲ့ အကွာအဝေး၊ အမြန်နှုန်းနဲ့ တခြား Specs တွေကို မပြောသေးပါဘူး။ Xiaomi က အဲဒီကားကို တရုတ်မှာ ရောင်းချပြီးတာနဲ့ နိုင်ငံတကာမှာ ရောင်းချမလားဆိုတာလည်း မသိရသေးပါဘူး။ Xiaomi ဟာ သူ့ရဲ့ ပထမဆုံး လျှပ်စစ်ကားကို ၂၀၂၄ ခုနှစ်မှာ ရောင်းချမယ်လို့ အတည်မပြုထားသေးတဲ့အတွက် ဆက်လက် စောင့်ကြည့်ရမှာပါ။

Ref : gizmochina

%d bloggers like this: