အားအမြန်သွင်းပြီး မောင်းနှင်နိုင်တဲ့ လျှပ်စစ် လေယာဉ်

Diamond Aircraft က နှစ်ပေါင်းများစွာကြာ သုတေသန ပြုလုပ်ပြီး eDA40 လျှပ်စစ် လေယာဉ်ကို တည်ဆောက်ထားပါတယ်။ အဲဒီ လေယာဉ်ကို DC Fast Charging စနစ်နဲ့ အားသွင်းနိုင်ပါတယ်။

Diamond Aircraft is selling an electric aircraft

eDA40 ကို FAA နဲ့ ဥရောပရဲ့ လေကြောင်း လုံခြုံရေး အေဂျင်စီ EASA မှာ မှတ်ပုံတင်ထားပြီး ကားပါကင်မှာတောင် ရပ်နားနိုင်ပါတယ်။ လေဆိပ်က အားသွင်းစက်တွေမှာ အားသွင်းနိုင်ပြီး Diamond Aircraft က မိနစ် ၂၀ အားသွင်းရင် မိနစ် ၉၀ ကြာ မောင်းနှင်နိုင်တယ်လို့ ပြောပါတယ်။

လူ ၄ ယောက် စီးနင်းနိုင်ပြီး လေအေးပေးစက်လည်း ထည့်သွင်းထားပါတယ်။ Cockpit ကို ဖန်နဲ့ တည်ဆောက်ထားပြီး Garmin ရဲ့ G1000 NXi Flight Deck ကို အသုံးပြုထားပါတယ်။ လုံခြုံရေးအတွက် GFC700 Automatic Flight Control System ကို ထည့်သွင်းထားပါတယ်။

eDA40 ကို ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ စမ်းသပ် ပျံံသန်းမှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ရောင်းချဖို့ ရည်မှန်းထားပါတယ်။

ref : robbreport

%d bloggers like this: