A16 Chipset ပါတဲ့ iPhone 14 Pro Max ရဲ့ စွမ်းဆောင်ရည် သိပ်မကောင်းဘူးလို့ Geekbench မှာ ဖော်ပြ

Apple က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ iPhone 14 Series ကို ကြေညာခဲ့ပြီး ဂြိုလ်တု ဆက်သွယ်ရေး၊ ဆန်းသစ်ထားတဲ့ UI ၊ တိုးတက်လာတဲ့ ကင်မရာတွေ ပါလာပါတယ်။ Pro မော်ဒယ်တွေမှာ A16 Bionic Chipset အသစ်ကို ထည့်သွင်းပေးထားပါတယ်။

Apple A16 Geekbench

အဲဒီ ဖုန်းတွေဟာ လက်ရှိမှာ Customer တွေ လက်ထဲ မရောက်သေးပေမယ့် Pro မော်ဒယ် ၁ လုံးရဲ့ စွမ်းဆောင်ရည် ရမှတ်တွေ Geekbench မှာ ထွက်ပေါ်လာပါတယ်။ အဲဒီအတွက် စွမ်းဆောင်ရည်ကို လေ့လာကြည့်ရအောင်။

iPhone 14 Pro Max with A16 chipset appears on Geekbench with minimal performance improvement

A16 Chipset ဟာ Single-core ရမှတ် ၁၈၇၉ နဲ့ Multi-core ရမှတ် ၄၆၆၄ ရထားပါတယ်။ နှိုင်းယှဉ်ရရင် A15 Chipset ထည့်ထားတဲ့ iPhone 13 Pro/Pro Max မော်ဒယ်တွေဟာ ၁၇၃၀ နဲ့ ၄၇၀၀ မှတ် အသီးသီး ရထားပါတယ်။ အဲဒီအတွက် A16 Chipset ဟာ Single-core မှာ အမှတ် အနည်းငယ်ပဲများပြီး Multi-core မှာ အမှတ် အနည်းငယ် နည်းနေပါတယ်။

Apple A16 Bionic

Apple ဟာ ဒီတစ်ကြိမ်မှာ စွမ်းဆောင်ရည် အစား စွမ်းအင်စားသုံးမှု သက်သာတာကို ပိုမို အသားပေးထားပုံရပါတယ်။ Apple ဟာ A16 ဟာ အရင်မျိုးဆက်ထက် စွမ်းအင် စားသုံးမှု ၂၀ ရာခိုင်နှုန်း နည်းတယ်လို့ ပြောပါတယ်။

Ref : gizmochina

%d bloggers like this: