Xiaomi က တန်ဖိုးနည်း Redmi 11 Prime 5G ကို ကြေညာ

Xiaomi က Redmi 11 Prime 5G အမည်ရ တန်ဖိုးနည်း ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Dimensity 700 Chip မောင်းနှင်ထားပြီး 4/64GB, 6/128GB နဲ့ 4/128GB Version ၃ မျိုး ထုတ်လုပ်ထားပါတယ်။

၆.၅၈ လက်မ Full HD+ 90Hz မျက်နှာပြင် တပ်ဆင်ထားပြီး Notch မှာ 5MP ကင်မရာ ထည့်သွင်းထားပါတယ်။ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

Android 12 အခြေပြု MIUI 13 မောင်းနှင်ထားပြီး 18W Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါလာပါတယ်။ ဘူးထဲမှာ 22.5W Charger ထည့်သွင်းပေးထားပါတယ်။

Redmi 11 Prime 5G မှာ ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာပြီး SIM Card ၂ ခု ထည့်နိုင်ပါတယ်။ microSD Card စိုက်နိုင်ပြီး နားကြပ်ပေါက်နဲ့ FM Radio သုံးနိုင်ပါတယ်။

Thunder Black, Chrome Silver, Meadow Green ၃ ရောင် ထုတ်လုပ်ထားပြီး စက်တင်ဘာလ ၉ ရက်နေ့ ရောင်းမှာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၁၆၀ ဒေါ်လာ ရှိပြီး မြန်မာငွေ ၃၃၀,၀၀၀ ဝန်းကျင် ရှိပါတယ်။

Ref : gsmarena

%d bloggers like this: