Samsung က Apple နဲ့ iPhone 14 ကို လှောင်ပြောင်

Samsung က ကြော်ငြာ တစ်ခုမှာ Apple နဲ့ iPhone 14 ကို လှောင်ပြောင်လိုက်ပါတယ်။ Apple ဟာ ဒီလ ၇ ရက်နေ့မှာ iPhone 14 ကို ကြေညာတော့မှာ ဖြစ်ပြီး မိတ်ဆက်ပွဲပြုလုပ်ခါနီးမှာ Samsung က iPhone 14 Series မှာ တီထွင်ဆန်းသစ်မှု မရှိဘူးလို့ လှောင်ပြောင်လိုက်တာပါ။

Samsung က Apple ရဲ့ နောက်မျိုးဆက် iPhone တွေ ကြေညာတော့မယ်လို့ သတင်းပေးထားပြီး Galaxy S22 Ultra နဲ့ Galaxy Z Flip4 ရဲ့ အဓိက စွမ်းရည်တွေကို ဖော်ပြထားပါတယ်။

စက္ကန့် ၃၀ ကြာတဲ့ ကြော်ငြာ ဗီဒီယိုမှာ ပိုကောင်းတဲ့ Specs တွေ ပါတဲ့ Samsung စမတ်ဖုန်းကို မရွေးချယ်တဲ့အတွက် iPhone User တွေကို လှောင်ပြောင်ထားပါတယ်။ iPhone တွေမှာ နောက်ဆုံးပေါ် နည်းပညာတွေ မပါဘူးလို့ ပြောထားပါတယ်။

ဈေးကွက်ထဲမှာ အရည်အသွေး အမြင့်ဆုံး ကင်မရာ ဖုန်းဟာ Galaxy S22 Ultra ဖြစ်တယ်လို့ ညွှန်းဆိုထားပြီး iPhone ပိုင်ရှင်တွေဟာ အကောင်းဆုံး ဓါတ်ပုံတွေ မရိုက်ကူးနိုင်ဘူးလို့ ချိုးနှိမ်ထားပါတယ်။ ဒါ့အပြင် Samsung ရဲ့ စွမ်းရည်မြင့် ကင်မရာဟာ လကို အကောင်းဆုံး ရိုက်ချက်တွေနဲ့ ရိုက်ကူးပေးနိုင်ပြီး ဒါမျိုးကို iPhone က မရိုက်ပေးနိုင်ဘူးလို့ ဖဲ့ထားပါတယ်။ Samsung ရဲ့ ဖုန်း ကင်မရာနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေဟာ လူမှုကွန်ရက်မှာ Like အများဆုံးရထားတာလို့ ပြောပါတယ်။

IPhone 14

ဗီဒီယိုမှာ Galaxy Z Flip4 ကို ဖော်ပြထားပြီး အဲဒီလို တီထွင်ဆန်းသစ်မှုတွေဟာ Samsung Device တွေမှာပဲရှိပြီး Apple Device တွေမှာ မကြာခင် ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

Ref : gizchina

%d bloggers like this: