Xiaomi ရဲ့ 210W Fast Charge က ၈ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းနိုင်

လက်ရှိမှာ iQOO ရဲ့ 200W Quick Charging က စံချိန်တင်ထားပြီး Xiaomi က 210W နဲ့ အနိုင်ယူဖို့ ရည်ရွယ်ထားပါတယ်။ Xiaomi က Xiaomi 11 Ultra နဲ့ စမ်းသပ်မှုများစွာ ပြုလုပ်ထားပေမယ့် ရောင်းချခြင်း မရှိသေးပါဘူး။ 210W နဲ့ ဆိုရင် စမတ်ဖုန်း ၁ လုံးကို ၈ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

200 W charging

Xiaomi က 210W Fast Charging ကို မှတ်ပုံတင်ထားတဲ့အတွက် မကြာခင် ဈေးကွက်ထဲမှာ ဖြန့်ချိနိုင်ပါတယ်။ Xiaomi က အဲဒီနည်းပညာကို စမတ်ဖုန်းမှာ ထည့်သွင်းပေးမလားဆိုတာ မသိရသေးပါဘူး။ ဒီလို အားသွင်းနှုန်းနဲ့ဆိုရင် ဖုန်းတွေကို နေ့တိုင်း အကြာကြီး အားသွင်းရတဲ့ ပြဿနာ မရှိတော့ပါဘူး။

Xiaomi က 210W Fast Charging ကို နောက်ထုတ်မယ့် စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးနိုင်ပါတယ်။ ဖြစ်နိုင်တဲ့ စမတ်ဖုန်းတွေက စွမ်းရည်မြင့် Xiaomi 13 နဲ့ Xiaomi 13 Ultra တို့ ဖြစ်ပါတယ်။

စာဖတ်သူရော အဲဒီ 210W Fast Charging နည်းပညာကို ဘယ်လို မြင်ပါသလဲ။ သင့် စမတ်ဖုန်းမှာ အဲဒီ နည်းပညာ လိုချင်သလား ဆိုတာ ပြောပြပေးခဲ့ပါဦး။

Ref : gizchina

%d bloggers like this: