ကုန်းမြေပေါ်မှာရော ရေပြင်ပေါ်မှာပါ မောင်းနှင်နိုင်တဲ့ Flying Hovercraft

အမေရိကန် ပြည်ထောင်စု အီလီနွိုက် အခြေစိုက် Hammacher Schlemmer က Flying Hovercraft ကို ရောင်းချပေးလိုက်ပါတယ်။ စွမ်းရည်မြင့် ယာဉ်ပျံ ဖြစ်ပြီး ကုန်းမြေပေါ်မှာရော ရေပြင်ပေါ်မှာပါ ပျံသန်းမောင်းနှင်နိုင်ပါတယ်။

My $190,000 flying hovercraft is full of eels - CNET

Flying Hovercraft ဟာ မြေပြင်အထက် ပေ ၂၀ ကနေ တစ်နာရီကို ၇၀ မိုင်နှုန်းနဲ့ ၁၅၅ မိုင်အထိ မောင်းနှင်နိုင်ပါတယ်။ ကုမ္ပဏီက ရေချို၊ ရေငန်၊ သဲ၊ ရွှံ့၊ မြက်၊ သဲကန္တာရ၊ ရေခဲပြင်၊ နှင်းတွေ အပေါ်မှာ မောင်းနှင်နိုင်တယ်လို့ ပြောပါတယ်။ မြေပြင်နဲ့ ရေပြင်မှာ ပေ ၂၀ အမြင့်ရှိတဲ့ အတားအဆီးတွေကို ကျော်လွှားနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

$190,000 Flying Hovercraft Would Be The Ultimate Gift For Aviation Enthusiasts - Primenewsprint

ပေါင် ၆၀၀ အလေးချိန်အထိ သယ်ဆောင်နိုင်ပြီး ပိုင်းလော့နဲ့ ခရီးသည် ၂ ယောက် စီးနင်းနိုင်ပါတယ်။ Hammacher Schlemmer Website မှာ Flying Hovercraft ကို ဒေါ်လာ ၁၉၀,၀၀၀ နဲ့ ဝယ်ယူနိုင်ပြီ ဖြစ်ပြီး ဝယ်ယူသူဟာ အမေရိကန်မှာ မောင်းနှင်ဖို့ လိုင်စင် လိုအပ်ပါတယ်။

Ref : inceptivemind

%d bloggers like this: