Android သုံးစွဲသူ ထက်ဝက်နီးပါးက iPhone ပြောင်းကိုင်ဖို့ စဉ်းစားနေတယ်လို့ စစ်တမ်းက ဖော်ပြ

စစ်တမ်း တစ်ခုက Android သုံးစွဲသူ ၄၉ ရာခိုင်နှုန်းဟာ လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာ ဒေတာတွေ စိတ်ချရဖို့အတွက် iPhone ပြောင်းကိုင်ဖို့ စဉ်းစားနေကြတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေဟာ Samsung Galaxy S22 Ultra ထက် iPhone 13 Pro Max ကို သုံးရတာ ပိုမို စိတ်ချရတယ်လို့ ခံစားရကြောင်း ပြောပါတယ်။

iphone-android-security-9to5mac

Beyond Identity က စစ်တမ်းကို ကောက်ယူခဲ့တာ ဖြစ်ပြီး အမေရိကန် လူမျိုး ၁၀၀၃ ယောက်ကို မေးမြန်းခဲ့တာပါ။ စစ်တမ်းအရ Apple User ၇၆ ရာခိုင်နှုန်းဟာ iOS က ပိုမို လုံခြုံတယ်လို့ ခံစားရကြောင်း သိရပါတယ်။

How to Transfer Contacts and Data from Android to iPhone - KrispiTech

စစ်တမ်းအရ Android သုံးစွဲသူ ၃၃ ရာခိုင်နှုန်းဟာ iPhone ပြောင်းကိုင်ဖို့ စဉ်းစားနေကြတယ်လို့ သိရပါတယ်။ Apple က နောက်လမှာ iOS 16 ကို ဖြန့်ချိမှာ ဖြစ်ပြီး အဓိက လုပ်ဆောင်ချက်ဖြစ်တဲ့ Lockdown Mode ပါလာမှာပါ။

iPhone User တွေဟာ ဖုန်းကို Unlock လုပ်ဖို့ 4 Digit Pin အစား 6 Digit Pin ကို ပိုမို ကြိုက်ကြတယ်လို့လည်း စစ်တမ်းက ဖော်ပြထားပါတယ်။

ref : 9to5mac

%d bloggers like this: