SD8+ Gen 1 ပါတဲ့ Redmi K50 Ultra ကို ကြေညာ

Xiaomi က Snapdragon 8+ Gen 1 Chipset ပါတဲ့ ပထမဆုံး Redmi ဖုန်းကို ကြေညာလိုက်ပါတယ်။ Redmi K50 Ultra မှာ 3,725mm² အရွယ်အစား ရှိတဲ့ Vapor Chamber ပါတဲ့အတွက် ၂ နာရီကျော် ဂိမ်းကစားပြီးရင်တောင် Chip အပူချိန်ကို ကျဆင်းစေပါတယ်။ 8/12GB LPDDR5 RAM နဲ့ 128/256/512GB UFS 3.1 Storage တွေ ထည့်သွင်းထားပါတယ်။

Redmi K50 Ultra with SD 8+ Gen 1 and Xiaomi Pad 5 Pro 12.4" announced - GSMArena.com news

၆.၆၇ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 12-bit Panel က အရောင် ၆၈.၇ ဘီလီယမ်ကို ပြသပေးနိုင်ပါတယ်။ မျက်နှာပြင်မှာ HDR10+ နဲ့ Dolby Vision တွေ ထောက်ပံ့ထားပါတယ်။ Resolution က FHD+ နဲ့ QHD+ အကြားရှိပြီး 1,220x2712p ဖြစ်ကာ 446ppi ထောက်ပံ့ထားပါတယ်။ Xiaomi က မျက်နှာပြင်ဟာ QHD+ နီးပါး ရှိပေမယ့် စွမ်းအင် စားသုံးမှု နည်းပါးတယ်လို့ ပြောပါတယ်။ 120Hz Refresh Rate, 480Hz Touch Sampling Rate တွေ ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာက နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်ပါတယ်။

5,000mAh battery with 120W fast charging thanks to the Surge P1 chip

120W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး ၁ ရက်ကျော် အသုံးခံပါတယ်။ အနောက်ဘက်မှာ 108MP Main , 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 20MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

108MP main, 8MP 120° ultra wide and 2MP macro cameras (+20MP on the front)

5G ဖုန်း ဖြစ်ပြီး WiFi 6E ပါလာကာ NFC နဲ့ IR Blaster ထည့်သွင်းထားပါတယ်။ စတီရီယို စပီကာတွေမှာ Dolby Atmos ထောက်ပံ့ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃,၀၀၀ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၉၃၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ Black , Silver နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: