ထိုင်း စားသောက်ဆိုင်တွေမှာ စက်ရုပ် စားပွဲထိုးတွေ သုံးပြီ

ထိုင်း စားသောက်ဆိုင် ကုမ္ပဏီ ၁ ခုဟာ စက်ရုပ်တွေကို စားပွဲထိုး အဖြစ် အသုံးပြုနေပါပြီ။ ကိတ်မုန့်နဲ့ စားသောက်ဆိုင် လုပ်ငန်း S&P ဟာ ကုန်ဈေးနှုန်း မြင့်မားနေတာကို လျှော့ချဖို့နဲ့ ဈေးသက်သက်သာသာနဲ့ စားသုံးသူတွေကို ရောင်းချနိုင်ဖို့ စက်ရုပ်တွေကို အသုံးပြုနေကြပါတယ်။ စားသောက်ဆိုင် ၁ ခုမှာ ပုံမှန်အားဖြင့် ဝန်ထမ်း ၁၀ ယောက် ခန့်ထားလေ့ရှိပြီး စက်ရုပ်တွေကြောင့် ဝန်ထမ်းတွေ လျှော့ချနိုင်ပါတယ်။ S&P ရဲ့ မိခင် ကုမ္ပဏီ SET-listed S&P Syndicate ဟာ ထိုင်း နိုင်ငံအဝန်းမှာ စားသောက်ဆိုင် ၄၆၀ ဖွင့်လှစ်ထားပြီး ဒီနှစ်ကုန်မှာ ၄၈၀ အထိ တိုးချဲ့ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပါတယ်။

ကုမ္ပဏီရဲ့ စီအီးအို Vitoon Silaon က “ ဒီနှစ် ပထမနှစ်ဝက်မှာ လုပ်ငန်းလည်ပတ်တဲ့ ကုန်ကျစားရိတ်ကို ၃၀ ကနေ ၄၀ ရာခိုင်နှုန်း လျှော့ချနိုင်ပေမယ့် ကုန်ဈေးနှုန်းတွေက နည်းနည်းတက်နေတုန်းပါပဲ။ S&P ဟာ ဖောက်သည်တွေကို ဆက်လက် စွဲဆောင်ထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ “ လို့ ပြောပါတယ်။

ဒီလို စွဲဆောင်နိုင်ဖို့ S&P ဟာ သူ့ရဲ့ စားသောက်ဆိုင်တွေကို အဆင့်မြှင့်တင်နေပါတယ်။ ဒီနှစ် ဒုတိယနှစ်ဝက်မှာ S&P ကိတ်မုန့်စတိုး ၁၀ ခုကို လူထူထပ်တဲ့ နေရာတွေမှာ ဖွင့်လှစ်မှာ ဖြစ်ပြီး လူများစွာကို စွဲဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ S&P ဟာ မုန့်ပို့ဆောင်တဲ့ ဝန်ဆောင်မှုနဲ့ ဆိုင်မှာ ကိုယ်တိုင်လာယူတဲ့ စနစ်တွေကို တိုးတက်အောင်ပြုလုပ်မှာပါ။

ဒီနှစ်မှာ ငွေကြေးဖောင်းပွမှုကြောင့် ထိုင်း သာမက ကမ္ဘာအဝန်းမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။ ဇွန်လမှာ စီးပွားရေး ဝန်ကြီး Jurin Laksanawisit က ထိုင်း ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု ကော်မတီက နောက်နှစ် ဇွန်လ မကုန်ခင်အထိ ကုန်ပစ္စည်း ၄၆ ခုရဲ့ ဈေးနှုန်းတွေကို မတက်ဘဲ ရောင်းမယ်လို့ ပြောပါတယ်။

S&P နဲ့ တခြား ကုမ္ပဏီတွေဟာ ကုန်ဈေးနှုန်း မတက်အောင် ဘယ်လို ပြုလုပ်ကြမလဲ ဆိုတာ အချိန်က ပြောပြသွားမှာပါ။

Ref : thethaiger

%d bloggers like this: