သိပ္ပံပညာရှင်တွေက ငလျင်ဒဏ်ခံနိုင်တဲ့ ကွေးညွှတ် ကွန်ကရစ်ကို ဖန်တီးနိုင်ပြီ

စမတ်ဖုန်းတွေမှာ ကွေးညွှတ်မျက်နှာပြင်တွေ ခေတ်စားလာနေပါတယ်။ အဲဒီလို ကွေးညွှတ်နိုင်တဲ့ စွမ်းရည်ကြောင့် လူသားတွေအတွက် အကျိုးရှိလာမယ့် နောက်ထပ် ဒြပ်ထုက ကွန်ကရစ် ဖြစ်ပါတယ်။ Swinburne University of Technology က သုတေသန ပညာရှင်တွေက ငလျင်ဒဏ်ခံနိုင်မယ့် ကွေးညွှတ်နိုင်တဲ့ ကွန်ကရစ်ကို ဖန်တီးနေပါတယ်။

Flexible Concrete - Esnek Beton Üretimi - Globmac

Dr. Behzad Nematollahi နဲ့ Professor Jay Sanjayan တို့ ဖန်တီးနေတာ ဖြစ်ပြီး သူတို့ရဲ့ ကွန်ကရစ်ကို စွန့်ပစ်ပစ္စည်းတွေကနေ ထုတ်လုပ်နေကြပါတယ်။ ပညာရှင်တွေက သူတို့ဟာ သမားရိုးကျ ကွန်ကရစ်တွေထက် စွမ်းအင် ၃၆ ရာခိုင်နှုန်းလောက်ပဲ သုံးပြီး ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ကို ၇၆ ရာခိုင်နှုန်းအောက်ပဲ ထုတ်လွှင့်တယ်လို့ ပြောပါတယ်။

Flexible Concrete and it's Applications in multiple uses.

သမားရိုးကျ ကွန်ကရစ်ကို အလေးတုံးနဲ့ ဖိတဲ့အခါမှာ ကွဲသွားပြီး အထူးထုတ်လုပ်ထားတဲ့ ကွန်ကရစ်ကတော့ မကွဲသွားပါဘူး။ သူဟာ သမားရိုးကျ ကွန်ကရစ်တွေထက် အဆ ၄၀၀ လောက်ပိုကွေးညွှတ်နိုင်ပြီး မာကျောမှုက အတူတူပါပဲ။ ဒီလို ကွန်ကရစ်တွေ မကွဲသွားတာ ဖိုက်ဘာကြောင့် ဖြစ်ပါတယ်။ အနာဂတ်မှာ ဒီလို ကွန်ကရစ်နဲ့ အဆောက်အဦးတွေ တည်ဆောက်မယ်ဆိုရင် ငလျင်၊ ဟာရီကန်းနဲ့ ထိခိုက်မှုတွေကို အထူး ခံနိုင်ရည်ရှိမှာပါ။

Ref : tnw

%d bloggers like this: