ရုရှားနဲ့ ယူကရိန်း စစ်ပွဲမှာ အီလက်ထရောနစ် နည်းပညာတွေကို ထုတ်သုံးနေကြပြီး ရုရှားဟာ အီလက်ထရောနစ် စစ်ပွဲမှာ ယူကရိန်းကို အသာရနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ အခုဆိုရင် စစ်ပွဲ ဖြစ်နေတာ ၆ လကြာပြီ ဖြစ်ပြီး ရုရှားရဲ့ အီလက်ထရောနစ် စစ်ပွဲ (EW) စနစ်တွေဟာ အဓိက အခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။
EW မှာ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲ စနစ်တွေ ပေါင်းစပ်ထားပြီး ရန်သူ့ ဆက်သွယ်ရေးကို ခြေရာခံတာ၊ ကြားဖြတ်ဖမ်းယူတာနဲ့ Jam လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဇွန်လမှာ Associated Press က အဲဒီ စနစ်တွေကို ယူကရိန်း အရှေ့ပိုင်းမှာ ပိုမို သုံးလာကြတယ်လို့ ပြောပါတယ်။
ဥပမာ အနေနဲ့ ရုရှား တပ်ဖွဲ့တွေဟာ ယူကရိန်း ဒရုန်းတွေရဲ့ ရေဒါ ဆက်သွယ်ရေးကို Jam လုပ်နိုင်ခဲ့တဲ့အတွက် ရုရှား အမြောက်တပ်တွေကို ခြေရာခံလို့ မရခဲ့ပါဘူး။ ရုရှားရဲ့ ကြားဖြတ်ဖမ်းယူတဲ့ နည်းပညာတွေကြောင့် ယူကရိန်း အမြောက်တပ်တွေရဲ့ တည်နေရာကို ခြေရာခံနိုင်ခဲ့ပါတယ်။
Jamming နည်းပညာတွေအပြင် ရုရှား – ယူကရိန်း စစ်ပွဲမှာ Hacking နည်းပညာတွေကိုပါ ထုတ်သုံးနေကြပါတယ်။
Ref : theverge
You must log in to post a comment.