ပူပြင်းတဲ့ နွေရာသီမှာ ဘယ်သွားသွား လေအေးပေးစက် ယူဆောင်သွားချင်သူတွေအတွက် Sony က ဖန်တီးပေးထားပါတယ်။ Reon Pocket လို့ အမည်ပေးထားပြီး သေးငယ်ကာ ပုခုံးအနောက်နားမှာ ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ ပေါ့ပါးပြီး ကွေးညွှတ်ပျော့ပြောင်းတာကြောင့် ဝတ်ဆင်ရတာ သက်တောင့်သက်သာ ရှိပြီး သင့်ကိုယ်ခန္တာ အနောက်ဘက်ကို လေအေးတွေ ပို့လွှတ်ပေးမှာပါ။
စမတ်ဖုန်း App ကနေ အပူချိန်ကို ကိုယ်တိုင် ထိန်းချုပ်နိုင်သလို လေအေးပေးစက်က ဝတ်ဆင်သူရဲ့ အမူအကျင့်၊ ပြင်ပ အပူချိန်တွေကို Motion Sensor တွေကနေ လေ့လာကာ သင့်တော်တဲ့ အပူချိန်ကို အလိုလို ချိန်ညှိပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ Reon Pocket 3 ကို ရောင်းချပေးခဲ့ပြီး အရင်မျိုးဆက်ထက် အအေးပေးတဲ့ စွမ်းရည်က ၅၀ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။
Reon Pocket 3 က အပြင်သွားချိန်၊ လေ့ကျင့်ခန်း ပြုလုပ်ချိန်၊ လမ်းလျှောက်ချိန်၊ စက်ဘီးစီးချိန်တွေမှာ နာရီများစွာကြာ လေအေးပေးနိုင်ပါတယ်။ ဘက်ထရီကို USB-C ကနေ အားသွင်းနိုင်ပြီး အားအပြည့်သွင်းဖို့ မိနစ် ၁၀၀ ကြာမြင့်ပါတယ်။ Cooling Mode နဲ့ဆိုရင် ၈ နာရီကနေ ၆၁ နာရီအထိနဲ့ Warming Mode နဲ့ဆိုရင် ၂၇ နာရီကနေ ၅၄ နာရီအထိ အသုံးခံပါတယ်။ လေအေး သာမက လေပူပါ ထုတ်လုပ်ပေးနိုင်တဲ့အတွက် အေးမြတဲ့ ရာသီဥတုတွေအတွက် အသုံးဝင်ပါတယ်။
Ref : mymodernmet
You must log in to post a comment.