watchOS 8.7 အရှေ့က ဗားရှင်းတွေ ထည့်သွင်းထားတဲ့ Apple Watch User အားလုံးကို အိန္ဒိယ အီလက်ထရောနစ်နဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက သတိပေးနေပါတယ်။ ဝန်ကြီးဌာနက အဲဒီ Apple Watch User တွေဟာ Phishing တိုက်ခိုက်မှု ကြီးကြီးမားမား ခံရနိုင်ခြေရှိတယ်လို့ ပြောပြီး ပြဿနာဟာ ကြီးမားတဲ့အတွက် ဗားရှင်း အဟောင်းထည့်သွင်းထားသူတွေကို မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ဖို့ အကြံပေးထားပါတယ်။ ဟက်ကာတွေဟာ Apple Watch သုံးစွဲသူတွေကို အဓိက ပစ်မှတ်ထားနေပြီး Phishing နဲ့ Hacking လို ဆိုက်ဘာ လုံခြုံရေး ပြဿနာတွေနဲ့ ရင်ဆိုင်နိုင်ရတယ်လို့ ဝန်ကြီးဌာနက သတိပေးထားပါတယ်။
ဖြေရှင်းနည်း
ကံကောင်းတာက Apple ဟာ အဲဒီ လုံခြုံရေးဟာကွက်တွေကို ဖာထေးပေးထားတဲ့ watchOS 8.7 Update ကို ဖြန့်ချိပေးထားပြီးပြီ ဖြစ်ပါတယ်။ အဲဒီအတွက် watchOS 8.7 ကို အောက်ပါနည်းအတိုင်း Update လုပ်နိုင်ပါတယ်။
- Apple Watch ကို WiFi ချိတ်ဆက်ပါ။
- Settings App ထဲသွားပါ။
- General ထဲက Software Update ကို နှိပ်ပါ။
- Update ရရင် စကရင်မှာ Message ပေါ်လာမှာ ဖြစ်ပြီး Install ကို နှိပ်ပါ။
Ref : gizmochina
You must log in to post a comment.