Bill Gates က ဒေါ်လာ ၆ ဘီလီယမ်ကို ဖောင်ဒေးရှင်းသို့ လှူဒါန်း

Bill Gates က သူ့ကြွယ်ဝချမ်းသာမှုထဲကနေ ဒေါ်လာ ၂၀ ဘီလီယမ်ကို Bill and Melinda Gates Foundation ကို လှူဒါန်းဖို့ ရည်ရွယ်ထားပြီး အခုတော့ ဒေါ်လာ ၆ ဘီလီယမ် တန်ကြေးရှိတဲ့ ရှယ်ယာတွေကို လှူဒါန်းလိုက်ပါတယ်။

Bill Gates gives away another $6 billion worth of his wealth

Microsoft တည်ထောင်သူဟာ ကမ္ဘာ့ အချမ်းသာဆုံး လူပုဂ္ဂိုလ် အဖြစ် ၁၉၉၅ ကနေ ၂၀၁၀ အထိ၊ ၂၀၁၃ ကနေ ၂၀၁၇ အထိ ရပ်တည်နိုင်ခဲ့ပြီး အဲဒီနောက်မှာ Jeff Bezos က သူ့နေရာကို လုယူခဲ့ပါတယ်။ ဒါပေမယ့် Gates က သူ့နေရာကို ပြန်ယူဖို့ စိတ်ကူး မရှိဘဲ အလှူအတန်းတွေ ပြုလုပ်ဖို့ပဲ စိတ်အားထက်သန်နေပါတယ်။

Bill Gates Talks About Eradicating Poverty in Africa | Time

Gates က Bill and Melinda Gates Foundation ဟာ လူတွေ ကျန်းမာဖို့အတွက် ရည်ရွယ်ထားတယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။ ဖောင်ဒေးရှင်းဟာ နှစ်စဉ် ဒေါ်လာ ၉ ဘီလီယမ် အထိ တိုးတက် လှူဒါန်းဖို့ ရည်ရွယ်ထားပြီး လက်ရှိမှာ ဒေါ်လာ ၆ ဘီလီယမ် လှူဒါန်းနေပါတယ်။ Gates ဟာ ၂၀၂၆ ခုနှစ်မှာ ဒေါ်လာ ၂၀ ဘီလီယမ်ကို ဖောင်ဒေးရှင်းသို့ လှူဒါန်းဖို့ စီစဉ်ထားပါတယ်။

Warren Buffett ဟာလည်း ဖောင်ဒေးရှင်းမှာ အမြဲ လှူဒါန်းနေတဲ့ သူ ဖြစ်ပြီး ဖောင်ဒေးရှင်းကို ဒေါ်လာ ၃၅ ဘီလီယမ်ကျော် လှူဒါန်းပြီးပါပြီ။ Gates က သူ့ကို ကျေးဇူးတင်ကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။

Ref : interestingengineering

%d bloggers like this: