Elon Musk က Google ပူးတွဲတည်ထောင်သူ Sergey Brin ရဲ့ ဇနီးနဲ့ ချစ်ကြိုက်ခဲ့တယ်ဆိုတဲ့ သတင်းကို ငြင်းဆို

Elon Musk ဟာ Google ပူးတွဲ တည်ထောင်သူ Sergey Brin ရဲ့ ဇနီး Nicole Shanahan နဲ့ ချစ်ကြိုက်ခဲ့တယ်လို့ The Wall Street Journal က ရေးသားထားပါတယ်။ ဒီကိစ္စကြောင့် Sergey Brin နဲ့ Nicole Shanahan တို့ဟာ ဒီနှစ် အစောပိုင်းမှာ ကွာရှင်းဖို့ စီစဉ်ခဲ့ကြတယ်လို့ အတွင်းသတင်းတွေက ပြောကြပါတယ်။ ဒါပေမယ့် Musk က ဒီကိစ္စကို ငြင်းဆိုလိုက်ပြီး Brin နဲ့ မိတ်ဆွေတွေ ဖြစ်နေတုန်းပဲလို့ ပြောပါတယ်။ Musk က ဒီသတင်းဟာ အခြေအမြစ် မရှိဘူးလို့ ပြောပါတယ်။

Total BS, Says Elon Musk On Reports He Had Affair With Google Co-Founder Sergey Brin's Wife Nicole Shanahan

Musk ဟာ ချစ်သူ Claire Boucher နဲ့ ကွဲသွားပြီးနောက် မိုင်ယာမီက Art Basel ပွဲမှာ Shanahan နဲ့ ချစ်ကြိုက်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ WSJ က Brin နဲ့ Shanahan တို့ဟာ အဲဒီအချိန်က ကွာရှင်းထားပြီးပြီ ဖြစ်ပေမယ့် အတူတူ နေနေကြသေးတယ်လို့ ပြောပါတယ်။

Musk က အခုသတင်းထွက်လာပြီးနောက်မှာ တွစ်တာကနေ “ ဒီသတင်းဟာ မမှန်ပါဘူး။ Sergey နဲ့ ကျွန်တော်ဟာ သူငယ်ချင်း အဖြစ်ရှိနေကြပြီး ပြီးခဲ့တဲ့ ညကတောင် ပါတီ ၁ ခုမှာတွေ့ခဲ့ကြပါသေးတယ်။ ၃ နှစ်အတွင်း Nicole ကို ၂ ကြိမ်ပဲတွေ့ဖူးပြီး အဲဒီ ၂ ကြိမ်စလုံးမှာလည်း ပတ်ဝန်းကျင်မှာ လူများစွာ ရှိပါတယ်။ ချစ်ကြိုက်တဲ့ ဇာတ်လမ်းတွေ မရှိပါဘူး။ “ လို့ ပြောပါတယ်။

Ref : theverge

%d bloggers like this: