လူ့ခန္တာကိုယ်ထဲက ကင်ဆာ ဆဲလ်တွေ ကြီးထွားမှုကို ကာကွယ်ဖို့ဟာ ဆေး သိပ္ပံနယ်ပယ်မှာ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ပါတယ်။ အခုတော့ Max Planck Institute က သုတေသန ပညာရှင်တွေက ကင်ဆာ ပျံ့ပွားတဲ့ အကြိတ်တွေကို တိုက်ဖျက်ပေးတဲ့ ဘက်တီးရီးယား စက်ရုပ်ငယ်လေးတွေကို တီထွင်လိုက်ပါတယ်။ သံလိုက်နဲ့ ဘက်တီးရီးယား စက်ရုပ်လေးတွေကို ထိန်းချုပ်တာ ဖြစ်ပြီး စက်ရုပ်လေးတွေကို ဆေးသယ်ဆောင်ဖို့ အသုံးချတာပါ။
အဲဒီ စက်ရုပ်လေးတွေဟာ ဆေးတွေကို အကြိတ်တွေဆီ တိုက်ရိုက် ပို့ဆောင်ပေးပြီး နာကျင်မှု မရှိဘဲ ကင်ဆာ ဆဲလ်တွေကို ဖျက်ဆီးပေးပါတယ်။ အခုလို စက်ရုပ်လေးတွေနဲ့ ကုသတာဟာ ကင်ဆာ ဆေးသွင်း ကုသသလို ဝေဒနာခံစားရတာတွေ မရှိတဲ့အတွက် အရမ်းကို အကျိုးရှိပါတယ်။
ပညာရှင်တွေက သုတေသန ပြုလုပ်ရာမှာ ဆေးဝါးတွေ သိုလှောင်တဲ့ Nanoliposomes တွေကို စက်ရုပ်လေးတွေမှာ အောင်မြင်စွာ ချိတ်ဆက်နိုင်ပါတယ်။ အဲဒီ ဆေးတွေကို ကင်ဆာ အကြိတ်တွေဆီ တိုက်ရိုက် ပို့ဆောင်ပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတာ ဖြစ်ပါတယ်။
အခု တီထွင်မှုကို Science Advances Journal မှာ ဖော်ပြထားပြီး ပညာရှင်တွေက ဆက်လက် သုတေသန ပြုလုပ်နေကြပါတယ်။
Ref : interestingengineering
You must log in to post a comment.