တရုတ် သိပ္ပံပညာရှင်တွေက ဓါတ်ခွဲခန်းကနေ အသားလုံး အမြောက်အများ ထုတ်လုပ်နိုင်ပြီ

တရုတ်က သိပ္ပံပညာရှင်တွေဟာ သမားရိုးကျ အသားလုံးတွေထက် ပရိုတင်း ပိုများပြီး အဆီ ပိုနည်းတဲ့ အသားလုံးတွေကို ဓါတ်ခွဲခန်းကနေ ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ တိရိစ္ဆာန်တွေရဲ့ အသားတွေကို ဓါတ်ခွဲခန်းကနေ ထုတ်လုပ်နိုင်တာဟာ ရေရှည်တည်မြဲတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒါ့အပြင် တိရိစ္ဆာန်တွေကို မွေးမြူသလို လယ်မြေဧကများစွာ မလိုအပ်သလို ဖန်လုံအိမ် အာနိသင် ဓါတ်ငွေ့ ထုတ်လုပ်တာကို လျှော့ချပေးနိုင်ပါတယ်။

Chinese scientists say lab-grown meatballs are ready for mass production | South China Morning Post

၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ Singapore Food Agency က ဓါတ်ခွဲခန်းက ထုတ်လုပ်တဲ့ အသားတွေကို ရောင်းချဖို့ ခွင့်ပြုခဲ့ပြီး တခြားနိုင်ငံတွေမှာလည်း နောက်ပိုင်း ခွင့်ပြုလာနိုင်ပါတယ်။ ဓါတ်ခွဲခန်းကနေ အသားတွေ ထုတ်လုပ်ဖို့ သိပ္ပံပညာရှင်တွေက တိရိစ္ဆာန်တွေက ထုတ်ယူထားတဲ့ ဆဲလ်တွေကို အမြောက်အများ ပွားများအောင် ပြုလုပ်ရပါတယ်။ ဓါတ်ခွဲခန်းကထုတ်တဲ့ အသားတွေဟာ တကယ့် အသားတွေနဲ့ အရသာ တူညီဖို့လည်း အရေးကြီးပါတယ်။

This Biotech Company Is Growing Meatballs in a Lab | Smart News| Smithsonian Magazine

တရုတ်က Tsinghua University နဲ့ Nanjing Agricultural University က သိပ္ပံပညာရှင်တွေဟာ ဓါတ်ခွဲခန်းထဲမှာ ကြွက်သား ဆဲလ်တွေနဲ့ အဆီ ဆဲလ်တွေကို သီးခြား ဖန်တီးရပါတယ်။ အဲဒီနောက် 3D-printed Mold ထဲမှာ အတူတကွ ထည့်သွင်းပြီး စင်တီမီတာ အရွယ်အစား အသားလုံးတွေ ထုတ်လုပ်ဖို့ အင်ဇိုင်း ၁ ခုကို အသုံးပြုရပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဓါတ်ခွဲခန်းက အသားလုံးတွေနဲ့ တကယ့် အသားလုံးတွေမှာ ပါတဲ့ အာဟာရတွေကို နှိုင်းယှဉ်ခဲ့ကြပါတယ်။ ဓါတ်ခွဲခန်းက အသားလုံးတွေဟာ ပရိုတင်း ၇၀ ရာခိုင်နှုန်း၊ အဆီ ၄ ရာခိုင်နှုန်း ကာဗိုဟိုက်ဒရိတ် ၆ ရာခိုင်နှုန်းနဲ့ ဇင့်၊ ကယ်လ်ဆီယမ်၊ အိုင်းယွန်းတို့လို အရေးကြီးတဲ့ သတ္တုဓါတ်တွေ ပါဝင်ပါတယ်။ တကယ့် အသားလုံးတွေမှာ ပရိုတင်းက ၅ ပုံ ၁ ပုံပဲ ပါဝင်ပြီး အဆီက ၃ ဆ ပိုများသလို ကယ်လိုရီက ပိုနည်းပါတယ်။

သိပ္ပံပညာရှင်တွေက လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ဓါတ်ခွဲခန်းက ထုတ်လုပ်တဲ့ အသားတွေကို အမြောက်အများ ထုတ်လုပ် ရောင်းချနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

Ref : interestingengineering

%d bloggers like this: