Huawei ရဲ့ 5.5G အင်တာနက် အမြန်နှုန်းဟာ 10Gbps အထိ ရှိပြီ

တရုတ် နည်းပညာ ကုမ္ပဏီကြီး Huawei ဟာ ဒီလ ၁၈ ရက်နေ့မှာ Win-Win Innovation Week ကို ကျင်းပခဲ့ပါတယ်။ ကုမ္ပဏီက အဲဒီပွဲမှာ 5.5G အင်တာနက် နည်းပညာအကြောင်း ပြောပြသွားခဲ့ပါတယ်။ ICT Infrastructure Business Management Committee နဲ့ Huawei ရဲ့ ဒါရိုက်တာ Wang Tao က “ ဒီနည်းပညာဟာ လူတွေရဲ့ တကယ့်ဘဝတွေနဲ့ Virtual ကမ္ဘာကို ချိတ်ဆက်ရာမှာ ပိုမို ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။ အခုခေတ်စားနေတဲ့ Metaverse တွေမှာ 5.5G နည်းပညာက အများကြီး အထောက်အကူ ဖြစ်မှာပါ။

Huawei

5.5G ဟာ 10Gbps အင်တာနက် အမြန်နှုန်းကို ပံ့ပိုးပေးနိုင်ပြီး Spectrum ပိုကျယ်ပြန့်ကာ Efficiency ပို မြင့်မားပါတယ်။ 5.5G ဟာ ထူးခြားဆန်းသစ်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Huawei 5.5G Future space saudi arabia

Wang Tao နဲ့ Gao Quanzhong က Spectrum Reconstruction, Uplink Enhancement, Full-Scene Iot, Synaesthesia Integration, L4 Autonomous Driving Network နဲ့ Green & Low Carbon အပါအဝင် Direction ၆ ခုမှာ တိုးတက်ဖို့လိုအပ်တယ်လို့ အရင်နှစ်က ပြောခဲ့ပါတယ်။

Huawei ရဲ့ ဒါရိုက်တာ ၁ ယောက် ဖြစ်တဲ့ Xu Wenwei က 5.5G ဟာ ကြိုးမဲ့ ဆက်သွယ်ရေး နယ်ပယ်မှာ နောက်ခြေလှမ်း အသစ်လို့ ပြောပါတယ်။ 5.5G ဟာ 5G ကနေ ဆင်းသက်လာတာ ဖြစ်ပြီး 5G Device အားလုံးမှာ အသုံးပြုနိုင်ပါတယ်။ Huawei ဟာ 5.5G နည်းပညာမှာ အနောက်နိုင်ငံတွေထက် အရှေ့ရောက်နေပါတယ်။

Ref : gizchina

%d bloggers like this: