Apple က ဒီနှစ် WWDC မှာ Lockdown Mode လို့ ခေါ်တဲ့ လုပ်ဆောင်ချက် အသစ်ကို ကြေညာခဲ့ပါတယ်။ iOS 16 မှာ အဲဒီ လုပ်ဆောင်ချက် ပါလာပြီး Pegasus နဲ့ တခြား Malicious Software တွေကို ကာကွယ်ဖို့ ရည်ရွယ်ထားပါတယ်။ အခုတော့ Apple က iOS 16 ရဲ့ Lockdown Mode ကို Crack နိုင်တဲ့ လူကို ဒေါ်လာ ၂ သန်း ဆုငွေချီးမြှင့်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒီလို ဆုငွေချီးမြှင့်တဲ့ အစီအစဉ်တွေမှာ ဒီလောက် ငွေပမာဏပေးတာ အမြင့်မားဆုံး ဖြစ်ပါတယ်။
Lockdown Mode ဟာ အရမ်း တင်းကြပ်တဲ့ လုံခြုံရေး Mode ဖြစ်ပြီး Trojan Horse လို Malware တွေကို ကာကွယ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် iPhone ကို Unknown Sources တွေက စောင့်ကြည့်နေတာတွေကို ကာကွယ်ပေးပါတယ်။
iPhone မှာ Lockdown Mode ကို ဖွင့်လိုက်ရင် iMessages က Image Attachment နဲ့ Link Preview ကို ပိတ်ပင်ပေးပါတယ်။ ဒါ့အပြင် ဖုန်းနံပါတ် အစိမ်းတွေရဲ့ FaceTime Call လို အရာတွေကို ပိတ်ပင်ပေးပါတယ်။ ဖုန်းကို Unlock မလုပ်ခင်မှာ iPhone ဒေတာတွေကို ခိုးယူလို့ မရအောင် ကာကွယ်ပေးပါတယ်။ Remote Management Software တွေကို အင်စတော လုပ်လို့ မရအောင် ပိတ်ပင်ထားပြီး Safari Browser က Jacascrip Just-in-time Compilation Function ကို ပိတ်ပင်ပေးပါတယ်။ Description File တွေကို အင်စတော လုပ်မှာ မဟုတ်ပါဘူး။ Lockdown Mode ကို ဒီနွေရာသီမှာ Developer Testing အတွက် ဖြန့်ချိမှာ ဖြစ်ပြီး ဆောင်းရာသီမှာ တရားဝင် ဖြန့်ချိမှာပါ။
ref : gizchina
You must log in to post a comment.