ကမ္ဘာအဝန်းက သင်္ဘောတွေကို အင်တာနက် ဝန်ဆောင်မှုပေးမယ့် Starlink Maritime

Elon Musk ပိုင်တဲ့ SpaceX ဟာ ကမ္ဘာအဝန်းက သင်္ဘောတွေကို အင်တာနက် ဝန်ဆောင်မှု ပေးမယ့် Starlink Maritime ကို ကြေညာလိုက်ပါတယ်။ အရင်ကတော့ သင်္ဘောတွေမှာ အရမ်း ဈေးကြီးတဲ့ DSL လို ဆက်သွယ်မှုကို အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

Starlink Maritime

Starlink Maritime က ဒီပြဿနာကို ဖြေရှင်းပေးမှာ ဖြစ်ပြီး သင်္ဘောတွေမှာ မြန်ဆန်တဲ့ အင်တာနက်ကို ပံ့ပိုးပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက အင်တာနက် အမြန်နှုန်းဟာ 350 Mbps ရှိတယ်လို့ ပြောပါတယ်။ လစဉ်ကြေးက ဒေါ်လာ ၅,၀၀၀ ဖြစ်ပြီး ဟာ့ဒ်ဝဲကြေးက ဒေါ်လာ ၁၀,၀၀၀ ဖြစ်ပါတယ်။

SpaceX: Starlink Maritime is ready for yachts, ships and oil rigs | ZDNet

Starlink ရဲ့ Joseph Scarantino က Dish ၂ ခု ပံ့ပိုးထားတဲ့အတွက် ပင်လယ်မှာ Latency ကို လျှော့ချပေးကာ လိုင်းပျောက်တာတွေ မရှိတော့ဘူးလို့ ပြောပါတယ်။

Starlink Maritime ဟာ ကမ္ဘာ့ ပင်လယ်ပြင် အများစုကို အင်တာနက် ပံ့ပိုးပေးနိုင်ပါတယ်။ လက်ရှိမှာ အဲဒီ ဝန်ဆောင်မှုကို မြောက်အမေရိက၊ ဥရောပ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဘရာဇီးနဲ့ ချီလီတွေက ပင်လယ်ပြင်တွေမှာ အသုံးပြုနိုင်ပါတယ်။ Starlink က ဒီထက် ကျယ်ပြန့်တဲ့ ပင်လယ်ပြင်တွေကို ဝန်ဆောင်မှု တိုးချဲ့ပေးမယ်လို့ ပြောပါတယ်။

Ref : gizchina

%d bloggers like this: