၂၀၂၁ ခုနှစ် မေလမှာ Xiaomi ဟာ 200W Wired နဲ့ 120W Wireless HyperCharge နည်းပညာကို ကြေညာခဲ့ပါတယ်။ 120W Wireless နည်းပညာနဲ့ ပတ်သက်တဲ့ သတင်းအသစ်တွေ မထွက်လာပေမယ့် Xiaomi ဟာ 200W HyperCharge နည်းပညာ ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို မကြာခင် ကြေညာတော့မယ်လို့ ထင်ရပါတယ်။ Xiaomi ဟာ တရုတ်က 3C မှာ 200W Charger အတွက် ခွင့်ပြုချက်ကို ရသွားပါပြီ။
အဲဒီ Charger ရဲ့ မော်ဒယ်နံပါတ်ဟာ MDY-13-EU ဖြစ်ပြီး အမြင့်ဆုံး အားသွင်းနှုန်း 20V/10A (200W) အထိ ထောက်ပံ့နိုင်တယ်လို့ ဖော်ပြထားပါတယ်။ 5V3A, 9V3A, 11V6A , 17V10A Charging တွေနဲ့ Backward Compatible ဖြစ်ပါတယ်။ 3C Certification အရ Xiaomi ဟာ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ 200W Fast Charging ပါတဲ့ ဖုန်း ၁ လုံးကို ကြေညာတော့မယ်လို့ ထင်ပါတယ်။
Xiaomi ရဲ့ 200W HyperCharge နည်းပညာဟာ ၈ မိနစ်အတွင်း ဖုန်း ၁ လုံးကို အားအပြည့်သွင်းနိုင်ပါတယ်။ ဒီနှစ် အစောပိုင်းမှာ Xiaomi က 4,500mAh ဘက်ထရီ ပါတဲ့ Xiaomi Mi 10 Ultra မှာ 200W Charging ကို သရုပ်ပြခဲ့ပါတယ်။ 200W Charger ဟာ 4,000mAh ဘက်ထရီကို ၃ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်းနဲ့ ၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်ပါတယ်။
Xiaomi ဟာ ဒီနှစ် ဒုတိယနှစ်ဝက်မှာ စွမ်းရည်မြင့် MIX 5 ကို ကြေညာတော့မှာ ဖြစ်ပြီး အဲဒီ ဖုန်းမှာ 200W Charging ပါလာနိုင်ပါတယ်။
Ref : gizmochina
You must log in to post a comment.