Huawei က အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု မရှိရင် Apple နဲ့ ရင်ဘောင်တန်းနေပြီလို့ ပြော

Huawei CEO Richard Yu က ၂၀၂၂ ခုနှစ်ရဲ့ မိုဘိုင်း ဆက်သွယ်ရေး ဈေးကွက်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူ့ အမြင်ကို ပြောကြားလိုက်ပါတယ်။ သူက အမေရိကန်ရဲ့စီးပွားရေး ပိတ်ဆို့မှုသာ မရှိရင် Huawei နဲ့ Apple ဟာ ကမ္ဘာ့ အကြီးမားဆုံး မိုဘိုင်း ဖုန်း ကုမ္ပဏီတွေ ဖြစ်နေပြီလို့ ပြောပါတယ်။

Huawei

သူက တောင်ကိုရီးယား ကုမ္ပဏီ Samsung အကြောင်းလည်း ပြောပါသေးတယ်။ သူက “ တောင်ကိုရီးယား ကုမ္ပဏီ အပါအဝင် တခြား ကုမ္ပဏီတွေဟာ သေးငယ်တဲ့ ထုတ်လုပ်သူတွေ ဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားမှာပဲ အဓိက ရောင်းချနေတာပါ။ “ လို့ ပြောပါတယ်။ တောင်ကိုရီးယား ကုမ္ပဏီ ဆိုတာ Samsung ကို ရည်ညွှန်းလိုက်တာပါ။

Huawei

Samsung ဟာ နှစ်များစွာကြာ Huawei ထက် ရောင်းအားကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ Huawei ဟာ Samsung ကို ကျော်တက်နိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဧပြီလမှာ Huawei ဟာ တရုတ်မှာ ရောင်းအားကောင်းတာကြောင့် Samsung ထက် သာလွန်သွားခဲ့ပါတယ်။ Counterpoint Research ရဲ့ စာရင်းအရ Huawei ဟာ ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ရဲ့ ၁၉ ရာခိုင်နှုန်း ဝေစုကို ရခဲ့ပြီး Samsung ကတော့ ၁၇ ရာခိုင်နှုန်းပဲ ရခဲ့ပါတယ်။

Ref : gizchina

%d bloggers like this: