ဥရောပမှာ ၁ လအတွင်း Facebook နဲ့ Instagram တို့ Ban ခံရနိုင်

ဥရောပမှာ Facebook နဲ့ Instagram တို့ လုံးဝ ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။ ဒီလို ဖြစ်အောင် ဦးဆောင် ပြုလုပ်နေတာက အိုင်ယာလန် နိုင်ငံ ဖြစ်ပါတယ်။ အိုင်ယာလန်က သူ့နိုင်ငံက ဒေတာတွေကို အမေရိကန်ဆီ ပေးပို့နေတာကို ပိတ်ပင်လိုက်ပြီး အိမ်နီးချင်း နိုင်ငံတွေကိုလည်း ဒီလိုလုပ်ဖို့ တောင်းဆိုနေပါတယ်။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း သဘောတူညီမှု မရရင် Meta ရဲ့ လူမှုကွန်ရက်တွေဟာ ဥရောပမှာ ပိတ်ပင်ခံရနိုင်ပါတယ်။

Europe could ban Facebook and Instagram within a month - TopTekNews

အိုင်ယာလန်ဟာ Facebook ကို ဒဏ်ငွေ ယူရို ၁၇ သန်း ဒဏ်ရိုက်ပြီး လအနည်းငယ်အကြာမှာ အခုလို ဒေတာ ပေးပို့မှုကို ပိတ်ပင်လိုက်တာပါ။ ဥရောပ သမဂ္ဂကလည်း ဒေတာ ကာကွယ်ရေးအတွက် စိတ်ပူနေပေမယ့် အိုင်ယာလန်ကတော့ ပြတ်ပြတ်သားသား လုပ်ဆောင်လိုက်တာပါ။

Meta Could Shut Down Facebook and Instagram in Europe Due to Data Sharing Ban with U.S. - Thurrott.com

ဒေတာ ကာကွယ်ရေး ကော်မရှင်ဟာ ဥရောပနဲ့ အမေရိကန် အကြားမှာ ဒေတာ ပေးပို့တာကို ပိတ်ပင်ဖို့ ဒီလ ၇ ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့အပြင် ကော်မရှင်ဟာ ပြင်သစ် အပါအဝင် အိမ်နီးချင်း နိုင်ငံအားလုံးကို ဒီကိစ္စကို လိုက်နာဖို့ စာပေးပို့လိုက်ပါတယ်။ ဥရောပနိုင်ငံတွေ အားလုံးက ဒေတာ ကာကွယ်ရေး အဖွဲ့အစည်းတွေဟာ ဒီပြဿနာကို ဖြေရှင်းဖို့ အချိန် ၁ လ ရပါတယ်။ အဲဒီကာလပြီးရင်တော့ ဥရောပမှာ Facebook နဲ့ Instagram ကို ပိတ်ပင်သွားနိုင်ပါတယ်။

Ref : gizchina

%d bloggers like this: