40Gbps အထိ အမြန်နှုန်း ရှိမယ့် WiFi 7

လက်ရှိမှာ WiFi 6 ကိုတောင် လူတော်တော်များများ မသုံးနိုင်ကြသေးပါဘူး။ ဒါပေမယ့် နောက်မျိုးဆက် WiFi 7 ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

Wi-Fi 7

WiFi 7 ဟာ IEEE 802.11 ကို ကိုယ်စားပြုပြီး IEEE 802.11be ကို အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။ WiFi 7 ဟာ WiFi 6/6E ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး WiFi 5 နဲ့ WiFi 6 ကို နှိုင်းယှဉ်ကြည့်ရင် ကွန်ရက် အမြန်နှုန်းပဲ တိုးတက်လာတာ ဖြစ်ပါတယ်။ WiFi 6 နဲ့ WiFi 7 ကို နှိုင်းယှဉ်ကြည့်ရင် အမြန်နှုန်း အပြင် ဒေတာ ကူးပြောင်းမှုနှုန်းဟာ 40Gbps အထိ ရှိလာမှာ ဖြစ်ပါတယ်။

Wi-Fi 7

လက်ရှိ Broadband အများစုရဲ့ အမြန်နှုန်းဟာ 1Gbps ပဲ ရှိပြီး WiFi 7 ရဲ့ 40Gbps ဟာ အများကြီး တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီလို အမြန်နှုန်း ရဖို့အတွက် WiFi 7 မှာ နည်းပညာ အသစ်များစွာကို အသုံးပြုထားပါတယ်။ အမြန်နှုန်း တိုးတက်ဖို့အတွက် အဆင့်မြှင့်ထားတဲ့ 4096-QAM Modulation နည်းပညာကို အသုံးပြုကာ Bandwidth ကို 320 MHz အထိ တိုးချဲ့ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Link နဲ့ Enhanced MU-MIMO လို နည်းပညာ အသစ်တွေကို အသုံးပြုထားပါတယ်။

Ref : gizchina

%d bloggers like this: